အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး အသိပေးချက်များနှင့်အညီ နှာခေါင်းစည်း Mask များ တပ်ဆင်သည့် အလေ့အကျင့်များ ရရှိစေရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူများအား Mask တစ်ခုကို ၂၀၀ ကျပ်နှုန်းဖြင့် ခုဝယ်ခုတပ် စနစ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေသည့် စနစ်ကို အောက်တိုဘာလ၁၉ ရက်နေ့မှ ယနေ့ နံနက်ပိုင်းထိ နောင်ချိုမြို့မ ဈေးထောင့်များနှင့် လမ်းဆုံများတွင် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
Oct 21,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အမျိုးသမီးကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ် ခေါင်းကင်ဆာ(HPV)ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ သည်။
Oct 21,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး (HPV Vaccine) စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 21,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အကောင်အထည် ဖော်ဆောင်ရွက်သည့် ကျုံပကိုကျေးရွာအုပ်စု ကျုံပကိုရွာသစ်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို စက်တင်ဘာလ (၁၉)ရက်နေ့က စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 21,2020
သီးနှံစိုက်ခင်းများအတွင်း ပိုးမွှားကျရောက်မှုရှိ/မရှိ စစ်ဆေးခြင်း၊ မျိုးသန့်မျိုးကောင်းရရှိရေးအတွက် ပေါင်းမြက်သန့်စင်ရေးနှင့် ဒေသခံတောင်သူများ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်ရေးတို့နှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးပညာပေး ဆောင်ရွက်ခြင်း လုပ်ငန်းကို အောက်တိုဘာလ (၂၀)ရက်နေ့က စစ်ကိုင်း ခရိုင်၊ မြင်းမူမြို့နယ်၊ မူးဝရွာထောင်ကျေးရွာရှိ တောင်သူဦးတင်စိုး၏ (CERP) အစီစဉ်ဖြင့် စိုက်ပျိုးထားရှိ သည့် မနောသုခ(မိုးစပါး) စိုက်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Oct 21,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ ကြည့်ရှုလေ့လာ သိရှိနိုင်စေရန်နှင့် ဗဟုသုတတိုးပွားနိုင်စေရန် ရည်ရွယ်၍ ဦးစီးဌာနရုံးရှေ့တွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှုမှတ်တမ်းများ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ပတ်သက် သည့်ရုပ်ပုံများအား မြေစိုက်နံရံ ကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက စတင်၍ ပြသပေးထားကြောင်း သိရသည်။
Oct 21,2020
ဂန့်ဂေါမြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာ(HPV)ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်း ကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဂန့်ဂေါမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့ သည်။