အမြို့မြို့အနယ်နယ်သတင်းများ

Oct 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်တွင်နေထိုင်ရေး (Stay at Home) ကာလ အတွင်း သံဃာတော်များ ဆွမ်းကိစ္စ အခက်အခဲမရှိစေရေး ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ကျေးရွာဘုန်းတော်ကြီးများသို့ အခြေခံစားသောက်ကုန် ပစ္စည်းငါးမျိုးကို ယမန်နေ့ နံနက်ပိုင်းက သွားရောက် လှူဒါန်းပေးခဲ့ကြသည်။
Oct 20,2020
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း အသိပညာပေးခြင်းလုပ်ငန်းများကို Online မှတစ်ဆင့် ပြည်သူများထံ အသိပညာပေး ဆောင်ရွက် လျက်ရှိရာ ​ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ပြည်သူ့ စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre )တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး (Talk Show) အစီအစဉ်ကို မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ရိုက်ကူး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 20,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)ရှိ ငါးသိုင်းချောင်းမြို့၊ အမျိုးသား ခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ သက်ဆိုင်ရာမဲရုံများ အလိုက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ စနစ်တကျ တာဝန်ထမ်းဆောင်နိုင်ရေး သင်တန်းဖွင့်လှစ်ပို့ချခဲ့ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးအောင်ကျော်ကျော်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုဗိုထွန်းတို့ သင်တန်း တက်ရောက် ဖွင့်လှစ်ပို့ချ ခဲ့ကြောင်း သိရသည်။
Oct 20,2020
ပခုက္ကူမြို့တွင် ကိုဗစ်ကာလဖြစ်သော်လည်း သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ ရောင်းအားကောင်းကြောင်း သိရသည်။
Oct 20,2020
အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးမှ ကုန်ပစ္စည်းထုတ်ယူလိုသည့် ဆိုင်ခန်းရှင်များကို အောက်တိုဘာလ
Oct 20,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ