Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသူများအား နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေး
Oct 20,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အ.ထ.က (၁)ကျောင်းရှိ Community Based Facility Quarantine Centre တွင် ကန့်သတ်စောင့်ကြည့် ထားသူ(၆၃) ဦးထဲမှ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် ပိုးမတွေ့ရှိသူ (၅) ဦးအား မိမိတို့နေအိမ်များ တွင် Home Quarantine အဖြစ် တစ်ပတ်ဆက်လက်နေထိုင်ရေးတို့ကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် အဖွဲ့ဝင်များ သင်တန်းဖွင့်လှစ်နိုင်ရေး နည်းပြ သင်တန်း ဖွင့်လှစ်
Oct 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် အဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ် နိုင်ရေးအတွက် (နည်းပြ)သင်တန်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်၌ ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှုရှိစေရေး ဖွင့်ဖောက်စစ်ဆေး
Oct 20,2020
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးဓမ္မာရုံ၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်စိုး နှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဆန္ဒမဲလက်မှတ်များကို ဖွင့်ဖောက် စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အ-ထ-က(၄)ကျောင်းတွင် ထပ်မံတိုးချဲ့ Quarantine Centre ရှိ ကန့်သတ်စောင့်ကြည့်လူနာ များအတွက် အလှူရှင်များမှ ကိုဗစ်-၁၉ အထောက်အကူပြုပစ…
Oct 20,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အထက(၄)ကျောင်း၊ Quarantine Centre တွင် သီးခြားနေထိုင်သော စောင့်ကြည့်သံသယလူနာများနှင့် စေတနာ့ဝန်ထမ်းများအတွက် စားသောက် ကုန်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် သက်ဆိုင်တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး စေတနာရှင်အလှူရှင်များမှလည်း လာရောက်ပံ့ပိုး လှူဒါန်းပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အသက် (၆၀) နှစ်အထက်ရှိ မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Oct 20,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အသက် (၆၀) နှစ်အထက်ရှိ မဲဆန္ဒရှင်များ ကြိုတင် မဲပေး နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆လမ်းနှင့် ၈၆ လမ်းထောင့်ရှိ အမြောက်တန်းသစ်လွင် ဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မန့်ဟီးရိုးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Oct 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူလူထုများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့၊ နံနက်ပိုင်း အချိန်က မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့ရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများ လက်ဝယ် အရောက်ဖြန့်ဝေပေးသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့ရှိ Quarantine Center များတွင် အသွားအလာကန့်သတ်ထားရှိသည့် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ထမင်းတစ်ရက်စာ ကျွေးမွေးလှူဒ…
Oct 20,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများထဲမှ Quarantine Center တွင် အသွားအလာကန့်သတ်ထားရှိသည့် ပညာရေးဝန်ထမ်း ၃၀၆ ဦးအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များက ယနေ့ တစ်ရက်တာအတွက် ထမင်း ၂ နှပ် စာ လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကာလ၌ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Oct 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆွမ်းအခက်အခဲမရှိစေရန် ဘုန်းတော်ကြီးကျောင်း များအတွက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း ကို We Love South Okkalapa အဖွဲ့က ယမန်နေ့ မွန်းလွဲပိုင်း အချိန်မှစ၍ မြို့နယ်အတွင်းရှိ ဘုန်းကြီး ကျောင်းများသို့ လှည့်လည်ဆက်ကပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28603
Page
28604
Page
28605
Page
28606
Current page
28607
Page
28608
Page
28609
Page
28610
Page
28611
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department