အမြို့မြို့အနယ်နယ်သတင်းများ

Oct 20,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများက Mask Campaign များကို နေ့စဉ် ရပ်ကွက်များ၊ လမ်းများအလိုက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဦးမြတ်စံလမ်း၊ စက်ရုံလမ်းနှင့် မင်္ဂလာစျေးတို့တွင် အဖွဲ့နှစ်ဖွဲ့ခွဲကာ ​ဆောင်ရွက်ခဲ့ ကြသည်။
Oct 20,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင် ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ လမ်းသွား ၊ လမ်းလာ ပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ည မပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ထေးသမရပ်ကွက်လမ်းဆုံနှင့် ညနေပိုင်းက မြို့လယ်နာရီစင်တို့၌ ဆောင်ရွက်ခဲ့သည်။
Oct 20,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာတွင် နေထိုင် သော ဝန်ထမ်းများနှင့် မိသားစုတို့သည် ယနေ့ နံနက် ၈ နာရီခွဲ အချိန်က ဟိုပန်မြို့၊ မြသိန်းတန် သာသနာပြုပရိယတ္တိ စာသင် တိုက်တွင် သီတင်းသုံး နေထိုင်တော်မူသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းလောင်းလှူခဲ့ကြသည်။
Oct 20,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းများ အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
Oct 20,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ​ ရွေးကောက်ပွဲ တွင် ဒေးဒရဲမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ပြည်စုံမှန်ကန်စွာ ဆန္ဒမဲပေးနိုင်ရေးနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံသို့ စနစ်တကျ ထုတ်ပေးနိုင်ရေးအတွက် ဆန္ဒမဲ လက်မှတ်များ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ခန်းမ၌ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Oct 20,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့
Oct 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ စက်မှုဇုန်ပြင်ပ၊ စက်ရုံ/ အလုပ်ရုံ/အလုပ်ဌာနများရှိ လူမှုဖူလုံရေး အကျုံးမဝင်သော အလုပ်သမားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ကြေး တစ်ဦးလျှင်(၃)သောင်းကျပ် ပေးအပ်နိုင်‌ရေးအတွက် သက်ဆိုင်ရာ အလုပ်ရှင်၊ HR မန်နေဂျာများမှ အလုပ်သမားစာရင်းကို ပြုစု၍ Online (သို့မဟုတ်) စာရွက်စာတမ်းများဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မြို့နယ် အလုပ်သမားစာရင်း ပြုစုစစ်ဆေးရေး အဖွဲ့သို့ (၁၉.၁၀.၂၀၂၀) ရက်နေ့မှစ၍ တင်ပြလျှောက်ထားနိုင်ကြောင်း သိရသည်။
Oct 20,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင် သည် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၂နာရီခွဲ အချိန်ခန့်က မြို့နယ် စည်ပင် သာယာရေးဌာနမှ စျေးတန်းကွက်သစ်ရပ်ကွက်၌ ဆောင်ရွက်သည့် နမ့်ဆန်တိုးချဲ့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက် ပြီးစီး သည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။