Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကွမ်းလုံမြို့နယ်တွင် မဲရုံသုံးပစ္စည်းများနှင့် မဲလက်မှတ်များ ထုတ်ဝေပေးနိုင်ရေး စစ်ဆေးဆောင်ရွက်
Oct 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ မဲရုံသုံးပစ္စည်းများနှင့် မဲလက်မှတ်များအား စနစ်တကျ ထုတ်ဝေပေးနိုင်ရေး အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ယမန်နေ့နံနက် (၉)နာရီအချိန်ခန့် က စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြ၌ ဆန္ဒမဲလက်မှတ်များ စစ်ဆေးခြင်းဆောင်ရွက်
Oct 19,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ပြည့်စုံမှန်ကန်စွာ ဆန္ဒမဲပေးနိုင်ရေးနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံသို့ စနစ်တကျ ထုတ်ပေးနိုင်ရေးအတွက် ဆန္ဒမဲလက်မှတ်များ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်း အခြေခံပညာကျောင်း (၃) ကျောင်းအတွက် ကွန်ပျူတာ၊ ပရင်တာနှင့် မီးစက်(၃)စုံ ထောက်ပံ့ပေးအပ်
Oct 19,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် အတွင်းရှိ နာယန်းကျေးရွာ၊ ဝပ်ထမ်းကျေးရွာနှင့် လုံလောင်းကျေးရွာများရှိ အခြေခံပညာ ကျောင်း (၃) ကျောင်းသို့ ကွန်ပျူတာ၊ ပရင်တာ၊ ဆက်စပ်ပစ္စည်းများနှင့် မီးစက်(၃)စုံအား ယနေ့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်တွင် အမျိုးသမီးငယ်များ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရန် အသိပေးနှိုးဆော်
Oct 19,2020
ပြင်ဦးလွင်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှု လျော့ကျနိုင်ရန်နှင့် သားအိမ်ခေါင်း
အပြည့်အစုံ ဖတ်ရန်
မျိုးစေ့ထုတ်စပါးခင်းများအတွင်း မိုးစပါးသီးနှံများ ပိုးမွှားအန္တရာယ်ကျရောက်မှုမရှိစေရေး ကွင်းဆင်းကြည့်ရှု
Oct 19,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် - ၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မျိုးစေ့ထုတ် စပါးစိုက်ခင်းဧရိယာများတွင် ပိုးမွှားများ ကျရောက်မှုမရှိစေရေးအတွက် ယမန်နေ့ က ဥဒေါင်းကျေးရွာနှင့် တဝန်ဖန်ရကျေးရွာ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပါလောပါကယ်ကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွား (၂၁)ဦးတို့အား အိမ်တိုင်ရာအရောက် ထောက်ပံ့ငွေပေးအပ်
Oct 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး (၈၅)နှစ် တင်းတင်းမပြည့်သေးသည့် သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများကို အောက်တိုဘာ ၁၇ ရက်နေ့က ပါလောပါကယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၀)ရွာမှ သက်ကြီးဘိုးဘွား (၂၁)ဦး တို့အား အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံများပြသ
Oct 19,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား ကြည့်ရှုလေ့လာမှတ်သားနိုင်စေဖို့အတွက် ရုံးရှေ့ရှိမြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးများနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာသိမှတ်စရာများကို ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်
Oct 19,2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့်အတူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် တိုက်ပွဲရှောင်ကော်မတီမှ တာဝန်ရှိသူများ လိုက်ပါ၍ အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က နောင်ပိန်ကျေးရွာ၌ ကျောက်မဲမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၁၄ စုရှိ လူဦးရေ ၃၄၄၀ ဦးအတွက် စားနပ်ရိက္ခာ များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28637
Page
28638
Page
28639
Page
28640
Current page
28641
Page
28642
Page
28643
Page
28644
Page
28645
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department