Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျန်းမာရေးထောက်ခံစာပါရှိမှသာလျှင် ခရီးသွားပြည်သူများအား နမ့်ခမ်းမြို့သို့ ဝင်ရောက်ခွင့်ပြု
Oct 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ခရီးသွားလာပြည်သူများမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်တို့၌ ကြိုတင်ကာကွယ်စစ်ဆေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်း က စတင်ပြီး ရောဂါကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံစာပါရှိမှသာလျှင် မြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့၌ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ ပြင်ပသို့ သွားလာနေသူများကို ဒဏ်ငွေဆောင်စေခြင်းများ ကြပ်မတ်ဆောင်ရွက်
Oct 19,2020
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ အပြင်ဘက်သို့ သွားလာနေသော ပြည်သူများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ပြီး ဒဏ်ငွေ(၂၀၀)ကျပ် ပေးဆောင်စေ၍ နှာခေါင်းစည်း အခုဝယ်/အခုတပ်စနစ်ဖြင့် နမ့်ခမ်းမြို့၊ ပြည်ထောင်စုလမ်းမပေါ်ရှိ မြို့လယ်ဘုရားကျောင်းအနီး၌ ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့ (Facility Quarantine Center) ၌ ကျန်းမာရေးစောင့်ကြည့်နေသည့် အမျိုးသမီးများအား အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Oct 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးအတွက် ဖွင့်လှစ်ထားသည့် (Facility Quarantine Center) ၌ နမ့်ခမ်းမြို့၌ ဒေသအသီးသီးမှ လာရောက်၍ ကျန်းမာရေး စောင့်ကြည့်နေသည့် အမျိုးသမီးများအား ယမန်နေ့နံနက် (၁၀)နာရီအချိန် က အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးသည်။
အပြည့်အစုံ ဖတ်ရန်
အမျိုးသားဓာတ်အားရရှိရေး စီမံကိန်း (NEP) Phase-1 ဖြင့် ဆောက်ရွက်သော ရွာမကန်ကျေးရွာ လျှပ်စစ်မီးစတင်ရရှိ
Oct 19,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအောက်ရှိ ကျေးရွာများ လျှပ်စစ်မီး ရရှိရေးအတွက် အမျိုးသားဓာတ်အား ရရှိရေးစီမံကိန်း(NEP) Phase-1 ဖြင့် ဆောက်ရွက် နေသည့် ကျေးရွာများအနက် အောက်တို့ဘာ ၁၇ ရက်နေ့က မင်းဘူး(စကု)မြို့နယ် ကန်ရေ ကျေးရွာအုပ်စု၊ ရွာမကန်ကျေးရွာတွင် လျှပ်စစ်မီးလင်းပေးနိုင်ခဲ့ပြီးကြောင်း မင်းဘူးမြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးရဲမြင့်ထွန်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူနယ်၌ ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ စစ်ဆေး
Oct 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် ဆန္ဒမဲလက်မှတ်များကို ဖွင့်ဖောက်စစ်ဆေး
Oct 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်(၈) နာရီမှ စတင်၍ ဆန္ဒမဲလက်မှတ်များကို ဖွင့်ဖောက်စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအား ထောက်ပံ့ကြေးပေးခြင်းဆိုင်ရာ ODK Collect စနစ်ဖြင့် စာရင်းကောက်ယူခြင်း သင်တန်းပို့ချ
Oct 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်တွင် အကျုံးဝင်သူစာရင်းများ ကောက်ယူ နိုင်ရေးအတွက် ODK Collect (Mobile Application) ဖြင့် စာရင်းရေးသွင်းနည်းသင်တန်းကို မြို့နယ် ကမ္ဘေဇခန်းမ၌ အောက်တိုဘာ ၁၇ ရက်နေ့နှင့် ၁၈ ရက် နှစ်ရက်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့နယ် တယ်ပင်ကန်ကျေးရွာရှိ (GAP) စိုက်နည်းစနစ် ဆောင်းနှမ်း ၆၇ ဧက စိုက်ခင်း ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Oct 19,2020
ပေါက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းကို မိုးကြိုရေသွင်းနှမ်း၊ မိုးဦးနှမ်းလျင်နှင့် ဆောင်းနှမ်းစမုံနက်ဟူ၍ (၃) မျိုးခွဲခြားစိုက်ပျိုးလျက် ရှိရာ ဆောင်းနှမ်းစမုံနက် စိုက်ခင်းများဖြစ်ထွန်းအောင်မြင်နေသော တယ်ပင်ကျေးရွာတောင်သူ ဦးရွှေဝင်း၏ ၅ ဧကစိုက်ခင်းနှင့်အတူ အခြားတောင်သူများ၏ စိုက်ခင်းများအား ယမန်နေ့ နံနက်ပိုင်းက စိုက်ခင်းအတွင်း ပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28639
Page
28640
Page
28641
Page
28642
Current page
28643
Page
28644
Page
28645
Page
28646
Page
28647
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department