အမြို့မြို့အနယ်နယ်သတင်းများ

Oct 19,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ပြန်လည်ဝင် ရောက်လာသော နေရပ်ပြန်ပြည်သူအမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၇)ဦး စုစုပေါင်း(၁၀)ဦးတို့အား အောက်တိုဘာ လ ၁၆ ရက် ည ၁၁ နာရီ အချိန်ခန့် က အငှားမော်တော်ယာဉ် (Light Truck) ဖြင့် တာချီလိတ်မှတဆင့် လာရောက်ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက နေရပ်ပြန် ၁၀ ဦးအား Quarantine ထားရှိဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 19,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကကွယ်ဆေး စတင်ထိုးနှံပေးနိုင်ရန် ညှိနှိုင်းအသိပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၉)နာရီ က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခန်းမ၌ ပြုလုပ်သည်။
Oct 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသည် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲတွင် အရေး ကြီးသော အခန်းကဏ္ဍမှပါဝင်သည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား အောက်တိုဘာလ ၁၉ ရက် နေ့မှစ၍ နယ်မြေ(၇)နေရာခွဲ၍ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်များအတိုင်း ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် သင် တန်းများ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Oct 18,2020
မော်လမြိုင်ကျွန်းမြို့နယ်သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပေးပို့လာသော ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များကိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ရဲစခန်း၊ဓမ္မာရုံတွင် ဖွင့်ဖောက်စစ်ဆေးခဲ့သည်။
Oct 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေး အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြသည်။
Oct 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရှေ့တန်းမှပါဝင်ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်း များနှင့်အတူ ပူးပေါင်း ကူညီဆောင်ရွက်လျက်ရှိသည့် ပရဟိတလူမှုကူညီရေး အသင်းများအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများအား ယမန်နေ့က We Love Kungyangon အဖွဲ့မှအဖွဲ့(၃)ဖွဲ့ခွဲ၍ ကျေးရွာ(၁၅)ရွာရှိပရဟိတ လူမှုကူညီရေးအသင်းများသို့ သွားရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။
Oct 18,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု မမုံနှင့် ဖားပြင်ကျေးရွာကြား မက်လင်ချောင် မျောချောင်း၌ ဒုတိယအကြိမ် ကျောက်စိမ်းရိုင်း တွေ့ရကြောင်း သိရသည်။