အမြို့မြို့အနယ်နယ်သတင်းများ

Oct 18,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်သွားနိုင်ရန် ရည်ရွယ်ပြီး မြို့အဝင် ၊ အထွက် စစ်ဆေးရေးဂိတ်များတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က နေ့/ည မပြတ် ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
Oct 18,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ နိုင်ငံရေးပါတီများအား ကြိုတင်ဆန္ဒမဲပုံးများတွင် ထားရှိဆောင် ရွက်မည့် လုံခြုံရေးကြိုးများ တပ်ဆင်ခြင်း သရုပ်ပြပွဲကို ယမန်နေ့ ညနေ(၃)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။
Oct 18,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ မြို့လယ်ရှိ ရှမ်းတောင်ထိပ်ပေါ်တွင် တည်ထားကိုးကွယ်သော ရန်ကင်းတောင် ဆုတောင်း ပြည့် ရှေးဟောင်းစေတီတော်အား ပြန်လည် ပြုပြင်မွမ်းမံပြီး ယခင်စေတီတော်ကိုငုံ၍ ရွှေတိဂုံပုံတူ စေတီတော်ကြီးအဖြစ် ပြန်လည်ပြုပြင် မွမ်းမံ လျက်ရှိသည်။
Oct 18,2020
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ (၁) နာရီမှ စတင်ပြီး ပြင်ဦးလွင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသန်းဝင်းဦးဆောင်၍
Oct 18,2020
ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်း မြို့နယ်အတွင်းရှိ အနှေးယာဉ်မောင်းများအား ကိုယ်အပူချိန် တိုင်းတာခြင်းများကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁)ရပ်ကွက် တပင်ရွှေထီးလမ်းတွင် စတင်ဆောင်ရွက်ခဲ့ကြသည်။
Oct 18,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး (၁၅)ဦးထပ်မံတွေ့ရှိရပြီး စုစုပေါင်း(၅၉)ဦးအထိ တွေ့ရှိလာပြီဖြစ်ကြောင်း သိရသည်။
Oct 18,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေးရွေး ကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲ ရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအတွက် လေ့ကျင်သင်တန်း ပေးနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ(၂)နာရီ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။