Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မူဆယ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများသည် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော “ဒီမိုကရေစီရှင်သန်ဖို့ မသန်ပေမယ့်စွမ်းသူများ အားလုံးမဲပေးကြစို့” နှင့် “မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ” ပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို မြို့လယ်မီးပွိုင့်၊ ရထိုက်လမ်းစုံနှင့် ဟိုမွန်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအနီးတို့တွင် ယမန်နေ့ညနေပိုင်း အချိန် က ဖြန့်ဝေဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ယင်းမာပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း
Oct 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များ ပြသ
Oct 16,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အများပြည်သူများ အလွယ်တကူလေ့လာဖတ်ရှုနိုင်စေရေးအတွက် ယနေ့နံနက် ၉နာရီအချိန်ခန့် က ခင်းကျင်းပြသခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ (Quarantine Centre) များအတွက် ညနေစာ ထမင်းဘူး(၁၅၀)ဘူးနှင့် ဆောက်စီဂျင်တိုင်းစက်(၅)ဘူး လှူဒါန်း
Oct 16,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာများတွင် အသုံးပြုရန်နှင့် အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့က ညနေစာထမင်းဘူးနှင့်အောက်စီဂျင်းတိုင်းစက်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန့်ဟီးရိုးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေ
Oct 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ အမှတ်(၁)ရပ်ကွက်အတွင်း ရှမ်းဘာသာဖြင့်ရေးသားထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးဗီနိုင်းဆိုင်း ဘုတ်များကပ်ထားခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဝေငှခြင်းတို့ကို ယနေ့နံနက်(၁၁)နာရီ အချိန် က ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ
Oct 16,2020
မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူလူများ အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်ပြီး ယနေ့၊ နံနက်(၉)နာရီ အချိန်ခန့်က မြို့ရုံးရှေ့၌ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင် ရန် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေ့စဉ်စစ်ဆေးဆောင်…
Oct 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီက မြို့မဈေးကြီးအတွင်းနှင့် မြို့လယ်ဗိုလ်ချုပ်လမ်းမ ကြီးပေါ်တွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေအိမ်ပြင်ပက ထွက်လာသူတိုင်းအား နှာခေါင်းစည်း(Mask)တပ်ဆင်လာခြင်းရှိ၊ မရှိ နေ့စဉ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းလက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 16,2020
၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း လက်ကမ်းစာစောင်များကို ကျိုင်းတုံမြို့နယ်၊ အာခါဈေး၌ ယမန်နေ့ ညနေပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ဖြန့်ဝေခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28661
Page
28662
Page
28663
Page
28664
Current page
28665
Page
28666
Page
28667
Page
28668
Page
28669
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department