အမြို့မြို့အနယ်နယ်သတင်းများ

Oct 16,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက် ၁၀ နာရီက ဒေသတွင်နေထိုင်သည့် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်စွာ သိရှိနိုင်စေရန် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားကြောင်းသိရသည်။
Oct 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့၊ ရပ်ကွက်(၄)ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာလွှတ်တော်များနှင့် တိုင်းရင်းသားလူမျိုး ဆန္ဒမဲပေးမည့် မဲရုံ(၉)ရုံနေရာများသို့ ယနေ့ နံနက်(၈)အချိန်ခန့် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ ကိုဗစ် -၁၉ ကူးစက်ပြန်ပွားမှု ကာလအတွင်း အခြေခံစားကုန်များ ပြတ်တောက်မှုမရှိစေရေးအတွက် ကုန်တင်မော်တော်ယာဉ်များအား ဝင်ထွက်သွားလာခွင့်ပြုရာတွင် သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ မောင်းနှင်သွားလာရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟို ပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)မှ ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်းပါး သည့် အိမ်ထောင်စု ၅၀ စုထံသို့ အခြေခံစားသောက်ကုန်များအား မြို့နယ်ဦးစီးမှူး ဦးကျော်သူမင်းနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက သွား‎ရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
Oct 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ပက်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်နှင့် မြို့မစုဝေးကွင်းအနီးရှိ အလူမီနီယံမြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ သိကောင်းစရာများနှင့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ဆောင်ရွက်ပြသ ထားကြောင်း သိရသည်။
Oct 16,2020
၂၀၂၀ပြည့်နှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအား ထူးချွန်စွာအောင်မြင်ခဲ့သည့် ငပုတောမြို့နယ်အတွင်းမှ ကျောင်းသား/ကျောင်းသူများနှင့် အောင်ချက် အကောင်းဆုံးကျောင်း၊ ဂုဏ်ထူးရရှိအောင်သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
Oct 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကြီး၌ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးမည့်သူ(၁၂၀၀၀)ကျော်ရှိကြောင်း မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။