Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုင်းတောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်
Oct 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် က ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ က သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် လမ်းသွားလမ်းလာပြည်သူများအား Mask တပ်ဆင်မှု ရှိ/မရှိစစ်ဆေး
Oct 16,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် လမ်းသွား လမ်းလာပြည်သူများအား Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်မှုကို ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ် ပညာရေးမိသားစုမှ ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးဌာနသို့ အလှူငွေများ ပေးအပ်လှူဒါန်း
Oct 16,2020
အင်္ဂပူမြို့နယ် ပညာရေးမိသားစုမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းဝေးခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၌ အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသ
Oct 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်ရုံးတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဖြန့်ဝေသည့်အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်သိရှိပြီး စနစ်တကျ လိုက်နာကျင့်သုံးဆောင်ရွက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်ကို ခင်းကျင်းပြသထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်တောမြို့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ရွေးကောက်ပွဲနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပညာပေးသိကောင်းစရာများကို ခင်းကျင်းပြသ
Oct 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အင်တောမြို့နေ ပြည်သူများ အသိပညာဗဟုသုတ များရရှိရန် ရည်ရွယ်၍ ရွေးကောက်ပွဲနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သိကောင်းစရာ ပညာပေး အချက်အလက်များကို ယနေ့နံနက် ၁၀ နာရီ က ဆောင်ရွက်ပြသထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖယ်ခုံမြို့နယ် မိုးဗြဲ၌ ရေစီးရေလာကောင်းမွန်ရေး ပင်မရေဆိုးထုတ်မြောင်းအား စက်ယန္တရားဖြင့် တူးဖော်
Oct 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် မိုးဗြဲ၌ ရေစီးရေလာကောင်းမွန်စေရန် ပင်မရေဆိုးထုတ်မြောင်းအား စက်ယန္တရားဖြင့်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမှ ယနေ့နံနက်ပိုင်း က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆောမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Oct 16,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဆောမြို့ ယောမင်းကြီး ဦးဘိုးလှိုင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် မိတ်ဆက်ခြင်းနှင့် ODK ဖြင့်အကျိုးခံစားသူ စာရင်းသွင်းခြင်…
Oct 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် မိတ်ဆက်ခြင်းနှင့် ODK အကျိုးခံစားသူ စာရင်းသွင်းခြင်းသင်တန်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန် က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28659
Page
28660
Page
28661
Page
28662
Current page
28663
Page
28664
Page
28665
Page
28666
Page
28667
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department