Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆောမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Oct 16,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဆောမြို့ ယောမင်းကြီး ဦးဘိုးလှိုင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် မိတ်ဆက်ခြင်းနှင့် ODK ဖြင့်အကျိုးခံစားသူ စာရင်းသွင်းခြင်…
Oct 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် မိတ်ဆက်ခြင်းနှင့် ODK အကျိုးခံစားသူ စာရင်းသွင်းခြင်းသင်တန်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန် က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းစံကွက်ရိတ်သိမ်း
Oct 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ (CERP) အစီစဉ်အရ ဆောင်ရွက်သော (RS to CS) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် မေရီလန်းကျေးရွာ အကျိုးဆောင် တောင်သူ ဦးဝင်းမြင့်ဦး၏ စံကွက်တွင် ရိတ်သိမ်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Oct 16,2020
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ သိရှိနိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို သိရှိ၊ လိုက်နာ၊ ကျင့်သုံး နေထိုင်သွားလာနိုင်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို နံရံကပ်ပြဘုတ်၊ မြေစိုက်ပြဘုတ်နှင့် Online မီဒီယာတို့မှတစ်ဆင့် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မုံးကိုးမြို့၌ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က မူလတန်း ကျောင်းသား/သူများအား တစ်လစာအတွက် (၁)ကြိမ် ရက်ချိန်းစနစ်ဖြင့် အာဟာရ ဖြည့်မုန့်များပေးဝေ
Oct 16,2020
မူဆယ်ခရိုင်၊ မုံးကိုးမြို့ နယ်စပ်ဒေသ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ပညာသင်ကြား နေကြသည့် မူလတန်းအဆင့် ကျောင်းသား/ သူများအား အဟာရဖြည့်မုန့်များကို ယနေ့၊ နံနက်(၈)နာရီခွဲ အချိန်ခန့်က အာဟာရဖြည့် မုန့်များဖြန့်ဝေပေးသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့နယ် စည်ပင်သာယာရေးကော်မတီက အမှိူက်ကျင်းရှင်းလင်းခြင်း၊ အမှိုက်ကျင်းတူးခြင်းနှင့် အမှိူက်ကွင်း လမ်းဖောက်ခြင်းများ ဆောင်ရွက်
Oct 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်စည်ပင်သာယာရေး ကော်မတီက မြို့တွင်းအမှိုက်များစွန့်ပစ်ရန် သတ်မှတ်ထားသည့် အမှိူက်ကျင်းအား အနံ့ အသက်ကင်း၍ ယင်ကောင်များမရှိစေရေးအတွက် အမှိူက်ကျင်းရှင်းလင်းခြင်း၊ ဆေးရုံဆေးခန်းသုံး အမှိုက်များနှင့် Community Based Facility Quarantine မှ ထွက်ရှိသော အမှိူက်များအား မီးရှို့ဖျက်စီးနိုင်ရေးအတွက် မြေကျင်း တူးခြင်းနှင့် အမှိူက်ကွင်းလမ်းဖောက်ခြင်းတို့ကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြီးစီးသွား မည်ဖြစ်ကြောင်း ခန္တီးမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ စေတနာရှင်ပြည်သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများ လာရောက်လှူဒါန်…
Oct 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် စေတနာရှင်ပြည်သူများက အလှူငွေများ လာရောက် လှူဒါန်း လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသသည့် လူနာများအသုံးပြုရန် အောက်စီဂျင်နှင့် အသက်ရှူစက်များလှူဒါန်း
Oct 16,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ကုတင်(၁၀၀)ဆန့် ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသလျက်ရှိသည့် (သာမန်)လူနာများအသုံးပြုရန် အောက်စီဂျင်စက်နှင့် အသက်ရှူစက်များကို မြို့နယ်စည်ပင်သာယာရေးကော်မတီ က ယမန်နေ့နံနက်(၁၀) နာရီအချိန် က ပေးအပ်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28660
Page
28661
Page
28662
Page
28663
Current page
28664
Page
28665
Page
28666
Page
28667
Page
28668
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department