အမြို့မြို့အနယ်နယ်သတင်းများ

Oct 16,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအတွက် နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည့် နေ့တွက် စရိတ်ထုတ်ပေးခြင်းကို ယမန်နေ့က မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးခဲ့သည်။
Oct 16,2020
ကော့သောင်းမြို့တွင် Quarantine ပြည့် သင်္ဘောသားများအား ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးသည့် မော်တော်ယာဉ်တစ်စီး၏ ယာဉ်နောက် လိုက်တစ်ဦးထံတွင် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ယမန်နေ့က ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတစ်ဆင့် သိရသည်။
Oct 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ မြို့နယ်အတွင်း၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများမှ ယမန်နေ့ မွန်းလဲပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်သည်။
Oct 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ခရိုင်ကျန်းမာရဦးစီးဌာနမှ (၁၆.၈.၂၀၂၀) ရက်နေ့မှ (၁၉.၉.၂၀၂၀) ရက်နေ့ထိ ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသော ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ဖြစ်စဉ်အပေါ် ရောဂါလက္ခဏာပြသည့် ဓာတ်ခွဲအတည်ပြုလူနာ (၁၈၂၅)ဦး၏ ရောဂါဗေဒဆိုင်ရာ ဆန်းစစ်ချက်အရ ဖျားခြင်း (၅၈%)၊ အနံမရခြင်း (၅၇%) ၊ ချောင်းဆိုးခြင်း (၃၄%)၊ နှာချေခြင်း (၁၃%)၊ အသက်ရှုမဝခြင်း/ မောခြင်း (၁၂%)၊ လည်ချောင်းနာခြင်း (၁၀%) ဖြစ်ပွားကြောင်း တွေရှိရသည့်အပြင် အနံ့၊အရသာ မခံစားရခြင်းမှာသိသာထင်ရှားလာသော ရောဂါလက္ခဏာများ စတင်ခံစားရမှုကို သတိပြုမိသည်နှ့င် နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ခြင်းဆက်သွယ် ဆောင်ရွက်ခြင်းမပြုနိုင်ဘဲ နာရီပိုင်းနောက်ကြလျှင်ပင် မိမိမှတစ်ဆင့် မိမိမိသားစုနှင့် အခြားသူများကိုပါ ရောဂါကူးစက်ခံရစေ နိုင်သဖြင့် ရုံး/ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ သံသရလက္ခဏာများ အထူးသဖြင့် အနံ၊ အရသာ ပျောက်ခြင်းဖြစ်ပေါ်လာပါက အချိန်မဆိုင်းဘဲ နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ခြင်းဆက်သွယ် သတင်းပို့နိုင်ပါရန်နှင့် လိုအပ်သည်များ ဆက်လက် ဆောင်ရွက်နိုင်ပါရန် ဧရာဝတီတိုင်းဒေသကြီးနှင့် လပွတ္တာခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
Oct 16,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ယနေ့နံနက်ပိုင်း က မိုင်းကိုင်မြို့ ယာယီဈေးနှင့် လမ်းသွားလမ်းလာ မိဘပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ကွင်းဆင်းဖြန့်ဝေခဲ့ကြသည်။
Oct 16,2020
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသော နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နံနက် ၇ နာရီ အချိန်တွင် ရောက်ရှိခဲ့ ကြကြောင်း သိရသည်။
Oct 16,2020
မီးဘေးအန္တရာယ် ကင်းရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်သည် မိသားစုဝင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက သီပေါမြို့မရဲစခန်းတွင် ပြုလုပ်ခဲ့သည်။