အမြို့မြို့အနယ်နယ်သတင်းများ

Oct 15,2020
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊၆၂လမ်းနှင့်ရတနာလမ်း(၁၃၁)ထောင့်ရှိ ယူနိုက်တက်အမရ ဘဏ်တွင် အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီ ခွဲခန့်က ဓါးပြတိုက်မှုဖြစ်ပွားခဲ့ရာ ငွေကျပ်သိန်း(၂၀၀) ယူဆောင်သွားကြောင်း သိရပြီး ဘဏ်ဓါးပြတိုက်သူစီးနင်းလာသည့် မော်တော်ယာဉ်အား ညနေ ၅ နာရီ ခွဲခန့်တွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Oct 15,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ၌ ဖျားနာကုသဆေးခန်း(Fever Clinic)၊ (အခမဲ့ဆေးခန်း) ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် အဆိုပါလူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပသည်။ 
Oct 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုပိုးတွေ့လူနာများကို လျင်မြန်စွာ သိရှိပြီး ကူစက်ပျံ့ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် ကာလတန်ဖိုး တရုတ်ယွမ် သိန်း(၂၀)ကျော် တန်ဖိုးရှိသည့် ကိုဗစ်-၁၉ရောဂါရှာဖွေရေးစက်နှင့်ဆက်စပ်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံအဝင်/အထွက်ဂိတ်(နန်းတော်ဂိတ်)၌ လာရောက်ပေးအပ်လှူဒါန်းသည်။
Oct 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး မြို့နယ်အဆင့် အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား ငွေဒဏ်ရိုက်ပြီး နှာခေါင်းစည်း Mask တပ်သည့် အလေ့ အကျင့်ဖြစ်စေရေး ပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီခွဲမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Oct 15,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်နိုင်ရေးအတွက် ပြည်သူများ သိရှိစေရန် အသိပညာပေးနှိုးဆော်ခြင်းကို‌ ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်တွင် အသံချဲ့စက်ဖြင့် လိုက်လံအသိ ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Oct 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်စေရန်အတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူး သင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါး ရောင်းချမှုမရှိစေရေးအတွက် မြို့နယ်လက်ထောက်ကျန်းမာရေးမှူးနှင့်အဖွဲ့မှ ယနေ့ နံနက် (၁ဝ) နာရီအချိန် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။