အမြို့မြို့အနယ်နယ်သတင်းများ

Oct 16,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ(၃၆)ဌာနမှ ဝန်ထမ်းများ စုပေါင်းလှူဒါန်းငွေကျပ်(၃,၀၆၈,၀၀၀/-)ကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရန်ပုံငွေပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ်(၁၁)နာရီတွင် ပြုလုပ်ခဲ့သည်။
Oct 16,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ရပ်ကွက်/ကျေးရွာများရှိ ကိုယ်ဝန် ဆောင် အမျိုးသမီးများအား ငွေဗိုက်ထောက်ပံ့ကြေးငွေလွှဲပေးခဲ့ကြောင်းသိရသည်။
Oct 16,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ ကျပ် (၃၃၅ ဒဿမ ၉၃၈) သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး၍ ဒေသခံပြည်သူ (၁၅၂၅)ဦး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်ခဲ့ကြောင်း သိရသည်။
Oct 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခွင့်ပြုရန်ပုံဖြင့်ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့က ဌာနမှတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Oct 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန်အတွက် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန် က စတင်၍ ပြည်ထောင်စုလမ်းမကြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် လမ်းဆုံတို့တွင် နှာခေါင်းစည်း (Mask) မတပ် ဆင်လာသူများအား ဒဏ်ငွေ ၂၀၀ ကျပ်စီ ကောက်ခံ၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
Oct 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန် က ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကျေးရွာအုပ်စု၊ ပုံးအယ်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိ ရသည်။
Oct 16,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် သံသယ လူနာများ သီးသန့်ထားရှိရန် ပြင်ဆင်ထားရှိမှုအခြေအနေအား ယမန်နေ့မွန်းလွဲ (၂)နာရီ က တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။