အမြို့မြို့အနယ်နယ်သတင်းများ

Oct 16,2020
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မန်းရေနံရဲစခန်းအနီးရှိ ဖူးစားပြောင်းနှင့် ပဲကြီးစိုက်ခင်းများ စိုက်ပျိုးပြီး မြေကြီးအစိုဓာတ်ရှိ၍ အပင်ပေါက် ကောင်းသော်လည်းမိုး မရွာ၍ နေအပူရှိန်ကြောင့် အရွက်များဝါပြီး အပင်များလိမ်ခြောက်ကာ ပျက်စီးဆုံးရှုံးနေပြီဖြစ်ကြောင်း စိုက်ခင်းပိုင်ရှင် ဦးထွန်းဦးထံမှ သိရသည်။
Oct 16,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ်စက်၀န်း လုပ်ငန်းများစတင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီဝင်များ ပြန်လည်အတည်ပြုခြင်းနှင့် လုပ်ငန်းခွဲများ ရွေးချယ်ခြင်းအစည်းအဝေးကို ပန်းတန်ကျေးရွာအုပ်စု ၊ ဖာစန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ယမန်နေ့ နေ့လယ်(၁)နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
Oct 16,2020
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများ၊ ပရိယတ္တိစာသင်တိုက်များသို့ အလှူငွေနှင့် ဆွမ်းဆန်တော် ဆက်ကပ် လှူဒါန်းပွဲ ကို ယမန်နေ့ နံနက်(၈)နာရီခွဲက မြို့ကန်ဦး ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
Oct 16,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ယမန်နေ့ညပိုင်းက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် (၆) ဦးထပ်မံတွေရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြု ပြောကြားသည်။
Oct 16,2020
မြန်မာကိုင်ဒို ကုမ္ပဏီလီမိတက် အနေဖြင့် ကမ္ဘာ့ကပ်ရောဂါဆိုး Corona Virus 2019 (COVID-19) ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး ကာလအတွင်း လုပ်ငန်းများအတွက် လိုအပ်ချက် ရှိသည့် နေရာများသို့ အစဉ်တစိုက်၊ တစ်တပ်တစ်အား ပါဝင်လှူဒါန်း လျက်ရှိရာ အောက်တို ဘာလ ၁၅ ရက် နေ့လယ် ၂ နာရီက