Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပင်းတယမြို့ရှိ လိမ္မော်ခြံများမှ လိမ္မော်သီးများ လှိုင်လှိုင်ထွက်ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါကာလ ကုန်စည်စီးဆင်းမှုမရှိသဖြင့် တောင်သူများအခက်တွေ့
Oct 15,2020
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် အချို့ကျေးရွာများတွင် စိုက်ပျိုးထားသည့် လိမ္မော်ခြံများမှ လိမ္မော်သီးများ ခူးဆွတ်ရောင်းချချိန် ရောက်ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါကာလ ကုန်စည်စီးဆင်းမှု မရှိသဖြင့် လိမ္မော်သီး စိုက်ပျိုးသူတောင်သူများ အခက်ကြုံတွေ့နေရကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တုံတာမြို့၌ အသက် ၁ နှစ်ခွဲမှ ၁၅ နှစ်အောက် ကလေးများအား ဆုံဆို့နာရောဂါနှင့် အမီလိုက်ကာကွယ်ဆေးများ ဒုတိယအကြိမ်ထိုးနှံပေး
Oct 15,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်၁နှစ်ခွဲမှ ၁၅နှစ်အောက် ကလေးများအား ဆုံဆို့နာရောဂါ ကာကွယ်ဆေးနှင့် အမီလိုက် ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီခန့်က တုံတာမြို့ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ကျန်းမာရေးကောင်းမွန်လျက်ရှိ
Oct 15,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သူ အထူးရဲတစ်ဦးအား အောက်တိုဘာ(၁၁)ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ သီးသန့်အဆောင်တွင် အထူးကြပ်မတ်၍ ဆေးဝါးကုသမှု ခံယူလျက်ရှိရာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးဝမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မဲပေး သည့် အစီအစဉ် သရုပ်ပြ
Oct 15,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်နိုင်ရေး မဲပေးသည့် အစီအစဉ် လက်တွေ့ သရုပ်ပြသခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာမူလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ နေအိမ်ပြင်ပထွက်ခွာသူများ၊ စျေးရောင်းချသူများနှင့် စျေးဝယ်သူများ ပါးစပ်၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်ရေး စစ်ဆေးကြပ်မတ်ခြင်းများ အရှိန်အဟ…
Oct 15,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် နေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသူများ၊ စျေးရောင်းသူများနှင့်စျေးဝယ်သူ များ ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းရှိ၊ မရှိ စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်ရုံးရှေ့မြေစိုက်ဘုတ်၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများ နံရံကပ်စာစောင် ပြသ
Oct 15,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်ဘုတ်တွင် ပြည်သူ အများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် သတင်းအချက်အလက် များကိုအချိန်နှင့်တစ်ပြေးညီ တိကျ မှန်ကန်စွာသိရှိနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးနယ်မြေအတွင်း ဒုစရိုက်မှုများမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်
Oct 15,2020
တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ အများ ပြည်သူများ စိတ်အေးချမ်းမြေ့စွာ အိပ်စက်အနားယူနေထိုင်နိုင်ရန် ဒုစရိုက်မှုများ၊ခိုး/ဆိုး/ လုယက်မှုများ၊ အကြမ်းဖက် ကျူးလွန်မှုများမဖြစ်ပွားစေရေး မြို့နယ်/ရဲစခန်းအသီးသီးရှိ ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့က သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ နေ့/ည လှည့်ကင်း/ ရပ်ကင်း/ ဝပ်ကင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်ဆေးရုံတွင် ကုသပေးလျက်ရှိသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇ ဦး ရောဂါ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြု
Oct 15,2020
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်၌ ကုသပေးလျက်ရှိသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ဆေးရုံမှဆင်းခွင့် ပြုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28698
Page
28699
Page
28700
Page
28701
Current page
28702
Page
28703
Page
28704
Page
28705
Page
28706
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department