အမြို့မြို့အနယ်နယ်သတင်းများ

Oct 15,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဆီးယင်းကြိုးဝိုင်းအတွင်းရှိ ခိုင်ကမ်းဆင်စခန်းတွင် ဆင်စခန်းများ ယာယီပိတ်ထားစဉ်ကာလအတွင်း မြန်မာနိုင်ငံအရပ်ရပ်ရှိ ဆင်ချစ်သူများအနေဖြင့် Online မှတစ်ဆင့် ဆင်စာဘူဖေးများ ကျွေးမွေးနိုင်ကြောင်းသိရသည်။
Oct 15,2020
ကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက် လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
Oct 15,2020
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံ ကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့ နံနက် ၉ နာရီအချိန်က ပြသထားကြောင်း သိရသည်။
Oct 15,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းနေထိုင်ကြသော ပြည်သူများကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ် ပြင်ပထွက်ခွာသူများ၊ စျေးရောင်းသူများနှင့် စျေးဝယ်သူများအား ပါးစပ်၊နှာခေါင်းစည်း(Mask)များတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးကြပ်မတ် ခြင်းကိုယမန်နေ့နံနက်(၈)နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Oct 15,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝေဒီစျေးတွင် ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းကကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 15,2020
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ကန်ဦးဖောင်ဒေးရှင်းခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်၊ ပညာရေးဂုဏ်ပြုချီးမြှင့်ရေးပရဟိတအသင်းက ဒိုက်ဦးမြို့နယ်လုံးကျွတ် အ.မ.ကများ အာစရိယပူဇော်ပွဲတွင် ပူဇော်ခံပါဝင်ပြီ
Oct 15,2020
အိန္ဒိယဝယ်လိုအားကြောင့် လေးနှစ်လောက်မှ ပဲစင်းငုံမှ ဈေးပြန်တက်နေကြောင်း မန္တလေး ပွဲစား၊ကုန်သည်၊