အမြို့မြို့အနယ်နယ်သတင်းများ

Oct 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအုပ်စု မဲတင်-၂ ကျေးရွာ၌ ယမန်နေ့ ညနေ ၅ နာရီ အချိန်ခန့်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၄) လုံးမှာ မြစ်ကမ်းပါးနှင့်ဝေးရာသို့ ပြောင်းရွှေ့ထားရကြောင်း အုပ်စုအုပ်ချုပ် ရေးမှူး ဦးလှကျော်ထံမှ သိရသည်။
Oct 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပညာရေးမိသားစုများစုက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသုံးပြုရန် မြို့နယ်အတွင်းရှိ ဆေးရုံအသီးသီးသို့ အလှူငွေများ သွားရောက်ထည့်ဝင် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Oct 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဆိုင်းတီးဝိုင်း မကွယ်ပျောက်စေရန်နှင့် မျိုးဆက်သစ်လူငယ်များအား ရိုးရာအမွေ တတ်မြောက်စေရန်အတွက် ကံရွာကျေးရွာအုပ်စု၊ အလယ်ရွာ ကျေးရွာ (မဇ္ဇိုမာရာမ) ကျောင်းတိုက် ဆရာတော် ဦးသုဇာတ၏ မိန့်ကြားချက်အရ ရိုးရာမပျက်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။
Oct 15,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၅)အုပ်စုတို့၌ စိုက်ပျိုးထားသော မိုးစပါးများမှာ ရင့်မှည့်လာ၍ အောက်တိုဘာပထမပတ်မှ စတင်ကာ စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းလျက်ရှိကြောင်း သိရှိရသည်။
Oct 15,2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း မသန်စွမ်းသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေများကို မောက်မယ်မြို့ပေါ် ၇ ရပ်ကွက်တွင် ယမန်နေ့ နေ့လယ်ပိုင်းက စတင်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက အိမ်တိုင်ယာရောက် လိုက်လံထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
Oct 15,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နေသည့် ကာလအတွင်း  စေတနာရှင် အလှူရှင်များမှ အောက်စီဂျင်စက် (Oxygen Concentrator) (၅)လုံးနှင့်
Oct 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် အသက်ရှူ စက် လှူဒါန်းမှုကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က အဆိုပါဆေးရုံ၌ ကျင်းပခဲ့သည်။
Oct 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြိုနယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။