အမြို့မြို့အနယ်နယ်သတင်းများ

Oct 15,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ဥက္ကံမြို့၊ အဖျောက်မြို့ အ.ထ.က ကျောင်းများတွင် Quarantine ဝင်နေသူများထံမှ ကိုဗစ်-၁၉ ရောဂါအတည် ပြုလူနာများ ထပ်မံ တွေ့ရှိရကြောင်း တိုက်ကြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Oct 15,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကေရစီ အထွေထွေရွေးကောက်ပွဲ ရန်ကုန်တိုင်းဒေသကြီးအတွင်း အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
Oct 15,2020
ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယမန်နေ့ နံနက်ပိုင်းက ပညာရေးမိသားစုမှ အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 15,2020
လင်းခေးခရိုင်၊ လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရပ်ကွက်နှင့်ကျေးရွာ စာရေး ဝန်ထမ်းများအား (ODK) app သင်တန်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့် အ‌ရေးပေါ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်‌ကျေးလက်ဦးစီးဌာနနှင့် မြို့နယ်လူထုဗဟိုပြုစီမံ ကိန်းမှ ဝန်းထမ်းမိသားစုများမှ မြို့နယ် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန့်ရေး ကော်မတီသို့ အလှူငွေများလှူ ဒါန်းခြင်းကို ယမန်နေ့ညနေ‌ ၃ နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အေးချမ်းသာယာခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများအား အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 15,2020
ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်များ၌ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရာ ခရီးသွားရာတွင် ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်များ ဆိုင်းဘုတ် စိုက်ထူခြင်းကို အမှတ်(၁၈) ရပ်ကွက် စစ်ဆေးရေးဂိတ်တွင် ယနေ့မနက်က ပြုလုပ်ခဲ့သည်။