အမြို့မြို့အနယ်နယ်သတင်းများ

Oct 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ လုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းသား(၁၁၂) ဦးနှင့် အုပ်ချုပ်သူနည်းပြ (၅)ဦး တို့ကို Antigen Rapid Diagnostic Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိကို ယနေ့တွင် အထူးရဲ သင်တန်းသားအားလုံး စစ်ဆေးပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Oct 15,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဟိုတယ် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုကာလ ၁၄ ရက်ပြည့်သူတစ်ဦးကို Swab နာမူနာ ဆေးစစ်ချက် များ အရ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသဖြင့် ယမန်နေ့ ညနေပိုင်းက အိမ်ပြန် နေထိုင်ခွင့် ပြုခဲ့ ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Oct 15,2020
ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြို့နယ်ပညာရေးဌာန မိသားစုများက ကျန်းမာရေးကုသမှုအထောက်အကူပြု ပစ္စည်းများ စုပေါင်း ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပြည်သူဆေးရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
Oct 15,2020
တရုတ်နှင့် ထိုင်းနိုင်ငံမှ ဝယ်ယူမှုလျော့နည်းနေသည့်အတွက် ပြောင်းဈေးများ အနည်းငယ် ကျဆင်းနေကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) မှ သိရသည်။
Oct 15,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျောက်ဖြူကုန်းကျေးရွာအုပ်စု၊ ပေါက်ပင်အိုင့် ကျေးရွာတွင် သောက်သုံး
Oct 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်းရှိ ကျောက်မီးသွေးလုပ်ကွက်များအား သယံဇာတနှင့် သတာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြား ချက်များအတိုင်း ဆောင်ရွက် ထားရှိမှု ရှိ/မရှိတို့ကို ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Oct 15,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကိုဗစ်-၁၉ အတည်ပြုလူနာ ယနေ့ (၂၅)ဦးထပ်မံတွေ့ရှိ ကြောင်း သိရသည်။