Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Oct 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်ထွေ/အုပ်ရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက်၁၁နာရီခွဲ အချိန်က ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်ရှိ ကန့်သတ်စောင့်ကြည့်ရေး စင်တာများတွင် အသုံးပြုရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
Oct 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ် အတွင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေး စင်တာများတွင် အသုံးပြုနိုင်ရန် လိုအပ်သည့် အသုံး အဆောင်ပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ်အဖြစ် လှူဒါန်းမှုကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီသို့ လာရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့ပေါ် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် မဲစာရင်း ကြေညာကပ်ထားမှု အခြေအနေကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Oct 14,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့ပေါ်ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယ အကြိမ် မဲစာရင်းကပ်ထားမှုအခြေအနေကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ကော် မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 14,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ် နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှထုတ်ဝေသော "မဲပေးခြင်းဆိုင်ရာ စည်း မျဉ်းစည်းကမ်းများ" နှင့် "ဒီမိုကရေစီရှင်သန်ဖို့ မသန်ပေမယ့် စွမ်းသူများအားလုံး မဲပေးကြစို့" အသိ ပညာပေး လက်ကမ်းစာစောင်များကို ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်း က ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Oct 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်ဖြင့် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့ နံနက် ၁၀နာရီ အချိန်ခန့်က မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် မြို့အနီးနားပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၆၀၂ ဦးရှိပြီး သေဆုံးသူ ၁၀ ဦးရှိကာ ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၀၆ ဦးထိရှိလာ
Oct 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၆၀၂ ဦးရှိပြီး သေဆုံးသူ ၁၀ ဦးရွိကာ ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၀၆ ဦးအထိရှိလာပြီ ဖြစ်ကြောင်း ယမန်နေ့ ညနေပိုင်းက သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြု ကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်း
Oct 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူရှင်များက မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန့်ရေး ကော်မတီသို့အလှူငွေများ လှူဒါန်းခြင်းကို ယမန်နေ့ညနေ ၃ နာရီက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တုံတာမြို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ
Oct 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ပြည်သူများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တိကျမှန်ကန်စွာ သိရှိနိုင်စေရန်ရည်ရွယ်၍ ပညာပေးနံရံကပ်စာစောင်များကို ယနေ့မွန်းလွဲ ၂နာရီခန့် က ပြသခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28707
Page
28708
Page
28709
Page
28710
Current page
28711
Page
28712
Page
28713
Page
28714
Page
28715
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department