အမြို့မြို့အနယ်နယ်သတင်းများ

Oct 15,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 15,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူး မြို့နယ်ရှိ မဲဆန္ဒနယ်​နှစ်ခုမှ မဲပေးပိုင်ခွင့်ဦးရေ (၅၂၀၇၁)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာသည့် မဲဆန္ဒရှင်စာရင်းများအရ သိရသည်။
Oct 15,2020
Stay at Home ကြောင့် အပြင်ထွက်ဈေးဝယ်ဖို့ အခက်အခဲဖြစ်နေသူတွေအတွက် မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်ပစ္စည်းတစ်ချို့ကို မန္တလေးတိုင်းဒေသကြီး ဆန်လုပ်ငန်းရှင် များအသင်းက မန္တလေးခရိုင်အတွင်းမှ ရပ်ကွက်များသို့ မိုဘိုင်းစနစ်နဲ့ လိုက်လံရောင်းချ ပေးနေကြောင်း သိရသည်။
Oct 15,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလ အတွင်း ဝင်ငွေနည်းမိသားစုဝင်များ အဆင်ပြေမှုရရှိစေရန်ရည်ရွယ်၍ အခြေခံစား သောက်ကုန်များ လှူဒါန်းခြင်းကို  We Love Yangon ( Mingalar Taung Nyunt) မှ စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကူးတို့ဆိပ်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၁၇၀) အတွက် အိမ်တိုင်ရာရောက် လှူဒါန်းခြင်းများကို ဆောင်ရွက်ပေး ခဲ့ကြသည်။
Oct 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ စည်ပင်သာယာရေးဌာနအနေဖြင့် မြို့တွင်း အဓိက လမ်းမကြီးများ ကောင်းမွန်ရေး၊ မြို့သန့်ရှင်းသာယာလှပစေရေး၊ ရပ်ကွက်နေပြည်သူများ ဝင်ထွက်သွားလာမှု လွယ်ကူ စေရေးအတွက် ကျောက်ခင်းလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်မည့် မြို့ပတ်လမ်း (စိန်ပန်းလမ်း)အား ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Oct 15,2020
ကိုဗစ်-၁၉ ရောဂါကြောင့် အခက်အခဲဖြစ်နေသူများအား မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ နဂါးကွက်သစ်ရှိ သဟပုညကာရီ ဘုံဆွမ်းလောင်းအသင်းမှ စားဖိုချောင်သီးနှံ ဟင်းချက်စရာ များအား ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်စုံ များကို အောက်တိုဘာ ၁၁ ရက်မှစတင်၍ လိုသလောက်ယူစနစ်ဖြင့် ဝေငှလျက်ရှိပြီး (၁၀) ရက်ကြာဝေငှပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Oct 15,2020
လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော လူမှုဖူလုံရေးကြေး ပုံမှန်ပေးသွင်း သည့် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ၊
Oct 15,2020
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း (၂)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။