အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာ (၁) ဦး ကင်မွန်းချုံကျေးရွာ (၁) ဦး ၊ ကြိမ်တောမြှောင်ကျေးရွာ(၁)ဦး၊ ဇီးဖြူသောင်ကျေးရွာ (၁) စုစုပေါင်း (၄)ဦးတို့သည် ပြည်ပနိုင်ငံရှိ စက်ရုံများတွင် သွားရောက်လုပ်ကိုင်ခဲ့ပြီး မိမိတို့နေရပ်သို့ ပြန်လာရာ ယမန်နေ့ ညနေ (၄)နာရီခွဲက ထန်းတပင်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
Oct 14,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရာတွင် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အထူးရဲများအား ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 14,2020
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်အမည်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာခွဲ များ၌ ကပ်ထားကြေညာထားရှိပြီး မဲဆန္ဒရှင် စာရင်းများ ပိုမိုပြည့်စုံ မှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် ကပ်ထားပေးရာ မဲဆန္ဒရှင်များမှ စိတ်ဝင်တစား လာရောက် ကြည့်ရှုကြရာ ယမန်နေ့ကအထိ ကြည့်ရှုသူ (၇၉၅၁၇) ဦးရှိကြောင်း သိရသည်။
Oct 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 14,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနမှ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်များနှင့် ပြိုလဲခဲ့သော နေအိမ် တို့အား အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေကို ပန်းတောင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များက ယမန်နေ့ နံနက်ပိုင်းတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။