အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံများလုံခြုံရေး တာဝန်ပေးအပ်နိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် အထူးရဲ(၆၁)ဦးကို အောက်တိုဘာ ၇ ရက်နေ့က တံတားမြို့ သုံးလောကထွဋ်ခေါင်မာရ် အောင်ရတနာဘုရားကြီးဝင်းအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Swab ယူ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ မရှိကြောင်း သိရသည်။
Oct 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၉ ရပ်ကွက်မှ ကိုတင့်နှင့် သူငယ်ချင်းတစ်စု သည်စုပေါင်း၍ ယမန်နေ့ညနေ ၃ နာရီက ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အမှတ် ၉ ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသူ အိမ်ထောင်စု ၄၀ စုအား ဆန်၊ဆီ ရိက္ခာများ ထောက်ပံ့လှူဒါန်ပေးခဲ့ကြောင်း သိရသည်။
Oct 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့အတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask တပ်ဆင်ရန် အသိပညာပေးဆောင်ရွက် မှုအား ယနေ့နံနက် (၉:၀၀)နာရီအချိန် က လူစည်ကားသော ကျောက်တိုင်အဝိုင်းပတ်နေရာ၊ တုံချိန်လမ်းဆုံတို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
Oct 14,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၄)အလုံ  အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာသို့ ယနေ့ နံနက်ပိုင်းက အနှေးယာဉ်လုပ်သားများအဖွဲ့မှ အလှူငွေ များ လှူဒါန်းခဲ့ကြောင်းသိရသည်။
Oct 14,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦးမှာ ကျန်းမာရေးကောင်းမွန်သည့်အတွက် ယမန်နေ့က မြို့နယ်ဆရာဝန်ကြီးက ဆေးရုံဆင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးဆပ်ကော်မတီ သတင်းမှန်ပြန်ကြားရေးအဖွဲ့က သိရသည်။
Oct 14,2020
ရွှေတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက် နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများအား ပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်ရေး သိရှိလေ့လာနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက စတင်၍ ပြသဆောင်ရွက်ပေးထားကြောင်း သိရသည်။
Oct 14,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ ရွှေနန်းတော် စက်သုံးဆီဆိုင်ပိုင်ရှင် ဦးနိုင်ဝင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းဖြစ်သည့် PPE ဝတ်စုံများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။