အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသား (၁၇၃)ဦးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက Antigen Rapid Diagnostic Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးခြင်းကို အောက်တိုဘာ (၁၂)ရက်နေ့နှင့် (၁၃)ရက်နေ့တို့တွင် ကွင်းဆင်းစစ်ဆေးသည်။
Oct 14,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး၌ ဆောင်ရွက်ခဲ့သည်။
Oct 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပညာရေးဌာန မိသားစုများမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများအား ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပေးအပ်လှူဒါန်း ခဲ့သည်။
Oct 14,2020
နယ်သာလန်နိုင်ငံနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်မည့် ဒုဌဝတီမြစ်ရေကို သန့်စင်၍ ပြည်ကြီးတံခွန်မြို့နယ်အတွက် ရေပေးဝေရေးစီမံကိန်းကို ၂၀၂၁ ခုနှစ်နှစ်ဆန်းပိုင်းမှသာ စတင်နိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးစောဟန်က ပြောကြားသည်။
Oct 14,2020
ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင်  ကိုဗစ်  ၁၉ ရောဂါကာကွယ်ရေး ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်  အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်  တုံ့ပြန်ရေး ကော်မတီသို့
Oct 14,2020
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ခြင်းနှင့် ပြုစုစောင့်ရှောက်နိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းများဖြင့် လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ် ဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။