Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာမှ နေအိမ်(၅၇၃)အိမ်ထောင်စုအား မိန်းမီတာ (CT) စနစ် ဖြင့် (၂၄) နာရီ လျှပ်စစ်မီးရရှိ
Oct 13,2020
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်ဒေသ လျှပ်စစ်မီးပြည့်ဝစွာရရှိရေး လုပ်ငန်းမှ ဆိပ်ဖြူမြို့နယ်၌ ကျေးရွာ(၆)ရွာမှ အိမ်ထောင်စု (၅၇၃) အိမ်ထောင်အား မိန်းမီတာ(CT)စနစ်၊ နေအိမ်များအား (SET )မီတာဖြင့် လျှပ်စစ်မီးကို (၂၄) နာရီ ရရှိရေးအတွက် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးစန်းဦးနှင့် ကျွမ်းကျင်ဝန်ထမ်းများမှ ယမန်နေ့ ကတပ်ဆင်ဆောင်ရွက်ပေးပြီး (၂၄)နာရီ လျှပ်စစ်မီး ရရှိနေပြီးဖြစ်ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် လွှတ်တော်ရွေးကောက်ပွဲများအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ခန့်စာပေးအပ်
Oct 13,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် လွှတ်တော်ရွေးကောက်ပွဲများအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ခန့်စာပေးအပ်ခြင်းအခမ်းအနားကို ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆ လမ်းနှင့် ၈၆ လမ်းထောင့်ရှိ အမြောက်တန်းသစ်လွင် ဓမ္မာရုံတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဖရူဆိုမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်း အမှတ် နှာခေါင်းစည်း (Mask)နှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ဖြန့်ဝေ
Oct 13,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြင့် နေအိမ်ပြင်ပ ထွက်ခွာ သွားလာနေသော ခရီးသွားပြည်သူ များနှင့် ဈေးရောင်းဈေးဝယ် ပြည်သူများအား ယနေ့ နံနက် ၉ နာရီ အချိန်က မြို့မဈေး၌ နှာခေါင်းစည်း (Mask)နှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်ဘုတ်၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ရုပ်ပုံများပြသ
Oct 13,2020
ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများကို ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများကို ပြသထားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဆန္ဒမဲလက်မှတ်စာအုပ်နှင့်ဆန္ဒမဲလက်မှတ်များ ပြည့်/မပြည့် စစ်ဆေးဆောင်ရွက်
Oct 13,2020
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကျင်းပရာ၌ အသက်(၁၈) နှစ်ပြည့်ပြီး သူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ဆန္ဒမဲလက်မှတ် များ ဖွင့်ဖောက်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မရဲစခန်း ( ဓမ္မာရုံ )၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒီးမော့ဆိုတွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် အဝတ်နှာခေါင်းစည်းနှင့် ဆပ်ပြာခဲများပေးဝေ
Oct 13,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်း များသည် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ် အဖြစ် အဝတ်နှာခေါင်းစည်းနှင့် ဆပ်ပြာခဲများကို ယနေ့ နံနက် ၈ နာရီက ပေးဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ၊ နေအိမ်ပြင်ပထွက်ခွာသူများအား နှာခေါင်းစည်းများ တပ်ဆင်ရေး စစ်ဆေးကြပ်မတ်ခြင်းနှင့် အသိပညာပေးခြင်းများ အရှ…
Oct 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်းနေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် နေအိမ်ပြင်ပသွားလာ၍ အလုပ်လုပ်နေကြသူများ၊ ကျန်းမာရေး ကိစ္စဖြင့် မဖြစ်မနေ သွားလာနေကြသူများနှင့် စျေးဝယ်ထွက်ကြသူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့နံနက် ၈ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် ၆၆/၁၁ကေဗွီ ၅ အမ်ဗွီအေ သရက်တောဓာတ်အားခွဲရုံအတွက် ၆၆ ကေဗွီအေ ဓာတ်အားလိုင်းဆွဲခြင်း အပြီးသတ်လုပ်ငန်းများဆောင်ရွက်
Oct 13,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ၆၆/၁၁ကေဗွီ ၅ အမ်ဗွီအေ သရက်တောဓာတ်အားခွဲရုံအတွက် ၆၆ ကေဗွီအေဓာတ်အားလိုင်း ၄ဒသမ၂ မိုင်ဆွဲခြင်းကို၊ အောက်တိုဘာ(၁၃)ရက်နေ့ မွန်းလွဲ(၁၂)နာရီတွင် အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28739
Page
28740
Page
28741
Page
28742
Current page
28743
Page
28744
Page
28745
Page
28746
Page
28747
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department