အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပ သွားမည်ဖြစ်ရာ ဝါးခယ်မမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသားများအား Ag Test Kit ဖြင့် ကိုဗစ် ၁၉ ရောဂါ ရှိ / မရှိ စစ်ဆေးပေးမှုကို ယနေ့နံနက် ၉ နာရီက ကျုံမငေးမြို့ တိုက်နယ်ဆေးရုံ၌ ပြုလုပ်ခဲ့သည်။
Oct 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မဲရုံမှူး၊ ဒုမဲရုံမှူးများ သင်တန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 13,2020
ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပိုးတွေ့လူနာများ များပြားလာသည်နှင့်အမျှ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ကော်မတီဝင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက် များနှင့်အညီ ပြည်သူများလိုက်နာကြရန် နိုးဆော်ကြေညာထားပြီးဖြစ်ရာ ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် အမှတ်(၁၇) ရပ်ကွက်၊ လှော်ကား၊ ဝါးတစ်ရာလမ်းမကြီးနှင့် ရတနာလမ်းထောင့်တွင် (Mask) နှာ‌ခေါင်းစည်း မတပ်ဆင်ဘဲ သွားလာသည့် ပြည်သူများအား ဒဏ်ငွေပေးဆောင်၍ ချက်ချင်းတပ်စနစ်ဖြင့် Mask Campaign ပြုလုပ်ခဲ့ သည်။
Oct 13,2020
အင်္ဂပူမြို့နယ်အတွင်း ဖွင့်လှစ်လျက်ရှိသောရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း တက်ရောက်နေ သည့် သင်တန်းသားများအား ယနေ့နံနက်ပိုင်းကကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Antigen Rapid Diagnostic Test Kit ဖြင့်စစ်ဆေးစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 13,2020
၂၀၂၀ ပြည့်နှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်း အမှတ်အဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
Oct 13,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အသွားအလာများ ကန့်သတ်၍ ကိုဗစ်-၁၉ကပ်ရောဂါ‌များ ဒေသတွင်းသို့ ဝင်ရောက်ကူးစက်မှုမရှိစေရန် ဆောင်ရွက်လျက်ရှိရာတွင် ပြည်နယ်နှင့်တိုင်း ဒေသအသီးသီးမှ ပြန်လာသူ များအား FacilityQuarantine (၁၄)ရက်ထားရှိခြင်း၊ ရက်ပြည့်ပြီး Quarantine ထွက်ရပါက မိသားစုနှင့်အတူ Home Stay (၇) ရက် ဆက်လက်နေထိုင်စေခြင်းဖြင့် ဆောင်ရွက်လျက်ရှိသည်။
Oct 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဝင်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Oct 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်ကျောင်းတွင် အထူးရဲ (Special Police) သင်တန်း တက်ရောက်နေသော သင်တန်းသားများအား ကိုဗစ်-၁၉ ပိုးရှိ/မရှိ Antigen Rapid Diagnostic (RDT) test kits ဖြင့် ယမန်နေ့ နံနက် ၈ နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။