Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝန်းသိုမြို့နယ် မြိုင်ဇေယျာကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေကျပ်သိန်း (၁၀၀) ဖြင့် ရွာတွင်းလမ်းများ ကွန်ကရစ်ခင်း ခြင်း လုပ်ငန်းဆောင်ရွက်
Oct 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ မြိုင်ဇေယျာကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေများမှ ငွေကျပ်သိန်း ၁၀၀ ဖြင့် ရွာတွင်း လမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ကျေးရွာများသို့ ကိုဗစ်−၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကျေးရွာများသို့ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်း က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့၌ ပဲပုပ် တစ်ပိုင်တစ်နိုင်ထုတ်လုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေ ရရှိ
Oct 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အဓိကစီးပွားရေးအဖြစ် တောင်သူ လုပ်ငန်းလုပ်ကိုင်ကာ တစ်ပိုင်တစ်နိုင် ပဲပုပ်ထုတ်လုပ်ရောင်းချ၍ အပိုဝင်ငွေရရှိပြီး မိသားစုအဆင် ပြေလျက်ရှိကြောင်း ပဲပုပ်ထုတ်လုပ်ရောင်းချသူ ဥယျာဉ်ရပ်ကွက်နေ ဒေါ်ပါနိထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စုငါးရာကျော်အတွက် အခြေခံ စားသောက်ကုန်ပစ္စည်းများကို မြို့မပရဟိတလူငယ်အဖွဲ့မှ အလှူရှင်များကိုယ်စားလှူဒါန်း
Oct 12,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံ အိမ်ထောင်စုငါးရာ ကျော်တို့အား အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခြင်းကို အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းတွင် ထန်းတပင်မြို့မပရဟိတလူငယ်အဖွဲ့ဝင်များက
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ဆိုင်ရာ သတင်းအချက်အလက်အသိပညာပေး နံရံကပ်စာစောင်ပြသ
Oct 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား သတင်းအချက်အလက်များ မှန်ကန်စွာသိရှိပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်ဘေးတွင် သီးသန့်ပြဘုတ်ဖြင့် ကိုဗစ်−၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက် အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်း က ပြသဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ဧပြီလမှ စတင်မွေးဖွားသည့်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေထုတ်ပေး
Oct 12,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂၀၂၀ ပြည့်နှစ် ဧပြီလနောက်ပိုင်းတွင်မွေးဖွားသည့် ကလေးသူငယ် များကို တစ်ဦးလျှင် ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် (၃)လ (၁)ကြိမ် အစီအစဉ်ဖြင့် (၆)လစာအတွက် တစ်ဦးလျှင် ငွေကျပ်(၉၀၀၀၀)ကျပ်စီ ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီ က လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘောဂလိမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး အကြောင်းအရာများ မြေစိုက်နံရံကပ် ပြဘုတ်တွင် ပြသဆောင်ရွက်
Oct 12,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ဘောဂလိမြို့ တွင် ဒေသနေပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိ အမည် ပါ /မပါ သွားရောက်ကြည့်ရှုရမည့် အသိများရရှိစေရန်နှင့် ဆန္ဒမဲပေးပိုင် ခွင့် မဆုံးရှုံးကြစေရန် ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့၌ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ နေအိမ်ပြင်ပ ထွက်ခွာသူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Oct 12,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရာသက်ပန်အသင်းဝင်များ၊ ယခင်ကြက်ခြေနီ တပ်ဖွဲ့ဝင်ဟောင်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအား နှာခေါင်းစည်း (Mask)များကို အောက်တိုဘာ (၁၀)ရက် နံနက် (၈)နာရီခွဲချိန် က အခမဲ့ဖြန့်ဝေခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28833
Page
28834
Page
28835
Page
28836
Current page
28837
Page
28838
Page
28839
Page
28840
Page
28841
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department