အမြို့မြို့အနယ်နယ်သတင်းများ

Oct 12,2020
နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် (Mask) တစ်ခုကို (၂၀၀)ကျပ်နှုန်းဖြင့် ခုဝယ်ခုတပ်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၆)နာရီ အချိန်ခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၆) အားကစားကွင်းရှိ ယာယီပျံကျ‌ဈေး၌ ဆောင်ရွက်ခဲ့သည်။
Oct 12,2020
လေးမျက်နှာမြို့နယ်တွင် မြို့နယ်စည်ပင်သာယာကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အောင်မင်္ဂလာဈေးနှင့် အိုင်သပြုဈေးသို့ ယမန်နေ့နံနက်ပိုင်း အချိန်က လာရောက်၍ ဈေးရောင်းသူ၊ ဈေးဝယ်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ Mask, Face shield လက်အိတ်များဝတ်ဆင်၍ ဈေးရောင်းချခြင်းများနှင့် ဈေးအတွင်းသို့ လာရောက် ဈေးဝယ်သူများကလည်း Mask စနစ်တကျ ဝတ်ဆင်ထားခြင်း ရှိ/မရှိ တို့ကို ဝင်ရောက် စစ်ဆေးခဲ့ကြသည်။
Oct 12,2020
ကိုဗစ်-၁၉ ကာလတွင် မန္တလေးသွေးလှူဘဏ်ကို လာရောက်သွေးလှူဒါန်းသူများ ယခင်ကထက် သိသာစွာလျော့နည်းလာရာ အွန်လိုင်းကနေ သွေးလှူရှင်များဖိတ်ခေါ်နေကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ သွေးလှူဘဏ်မှသိရသည်။
Oct 12,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့အဝင် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် နေ့စဉ်တာဝန် ထမ်းဆောင်နေသော တာဝန်ကျဝန်ထမ်းများအတွက် တာဝန်ထမ်းဆောင်စဉ် ထိတွေ့မှု အနည်းဆုံး ဖြစ်စေရန် ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် လက်ဆေးစေရန်အတွက် (Automatic Temperature Detector) နှင့် (Automatic Sensor Soap Dispenser) ဖြင့် ခရီးသွားပြည်သူများအား ကိုယ်အပူတိုင်းတာခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က စတင်အသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 12,2020
ကိုဗစ်၁၉ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မန္တလေးတိုင်းဒေသကြီး အတွင်းသို့ ဝင်ရောက် လာသည့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကုန်ကားများ မန္တလေးမြို့မှထွက်ခွာ လာသည့် ကုန်တင်ကားများမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့ရှိ ကိုဗစ် ၁၉ စစ်ဆေးရေးစခန်းတွင် Test Kit ဖြင့် ကိုဗစ်၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးလျက်ရှိ ကြောင်း သိရသည်။
Oct 12,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုအရ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အတူ တနင်္သာရီတံတားထိပ်ရှိ
Oct 12,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ Surgical Mask ၊95 Mask၊ PPE ဝတ်စုံနှင့် အလှူငွေများလှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၄ နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လှူဒါန်းမှု ပြုခဲ့ ကြောင်း သိရသည်။
Oct 12,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနသို့ ရှမ်းပြည်နယ်ကိုယ်စားပြုသွားရောက် တာဝန်ထမ်းဆောင်ကြမည့် နမ့်ဆန်မြို့နယ် ကျန်းမာရေးဌာနမှ သူနာပြုဆရာမ (၂)ဦးအား ယမန်နေ့က ဒေသဦးစီးအဖွဲ့နှင့် မြို့နယ်တာဝန်ရှိသူများက ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။