Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကသာမြို့နယ်၊ ပင်းမလွတ်ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းလုပ်ငန်း ဆောင်ရွက်ထား ရှိမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Oct 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့် အဖွဲ့သည် ကသာခရိုင်၊ ကသာမြို့နယ်၊ ပင်းမလွတ်ကျေးရွာရှိ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းလုပ်ငန်း ဆောင်ရွက် ထားရှိမှုအခြေအနေများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
WE LOVE BAGO Charity Oraganizationအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့ပေါ်ရပ်ကွက်အသီးသီးရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက်ဆန်၊ ဆီနှင့် စားနပ်ရိက္ခာများ ထောက်ပံ့…
Oct 11,2020
ပဲခူးမြို့တွင်ဖွဲ့စည်းထားသော WE LOVE BAGO Charity Organization (စုပေါင်းစွမ်းအား ကမ်းလက်များ) အဖွဲ့မှဦးဆောင်၍ ယနေ့နံနက်ပိုင်းက ပဲခူးမြို့ပေါ်ရပ်ကွက် အသီးသီးရှိ အခြေခံလူတန်းစား အိမ်ထောင်စုများ၏ မိသားစုဘဝများ အဆင်ပြေရေး စားနပ်ရိက္ခာကူညီပေး အစီအစဉ်အရ ဆန်၊ ဆီနှင့် စားနပ်ရိက္ခာများကို လိုက်လံလှူဒါန်း ပေးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သပိတ်ကျင်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်
Oct 11,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့် (၂) ရှိသူများအား နိုင်ငံတော်မှထောက်ပံ့ငွေများကို ယမန်နေ့နေ့လည်ပိုင်းက တာဝန်ရှိသူများမှ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Oct 11,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုး တိုးတက် လာစေရန်အတွက် နယ်စပ်ဒေသနှင့်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတား လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ကြိုတင်မဲလက်မှတ်ထည့်မည့်ပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်
Oct 11,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲအတွက် ကြိုတင်မဲလက်မှတ်ထည့်မည့်ပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ် ခြင်းကို ယမန်နေ့ နေ့လည်(၂)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ အသွားအလာ ကန့်သတ်ထားသည့် နေရာများ၌ နေထိုင်ကြသော အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်
Oct 11,2020
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ ဥပုသ်တော်ရပ်ကွက် နှင့် အမရဌာနီအရှေ့ရပ်ကွက်တို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကြောင့် အသွားအလာ ကန့်သတ်ထားသည့် နေရာများ၌ နေထိုင်ကြသော အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီခွဲက ဥပုသ်တော် ရပ်ကွက်ရှိ လင်းဇင်းဓမ္မာရုံတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့ သင်္ဃန်းကျွန်းမြို့နယ် လေးဒေါင့်ကန်ပျံကျဈေးတွင် ဈေးသည်၊ ဈေး ဝယ်များ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် ညီညွတ်မှု ရှိ/မ…
Oct 11,2020
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်ဦးစိုးလွင်သည် ကော်မတီ ဝင်(၇) ဦးဝင်းမြင့်သန်း၊ ဈေးများဌာနဒုတိယဌာနမှူး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ခရိုင်မှူး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊သင်္ဃန်းကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာကော်မတီ ဝင်များနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ် လေးဒေါင့်ကန်ပျံကျဈေးသို့ ယနေ့နံနက်ပိုင်းအချိန်ကလာရောက်၍ ဈေးရောင်းသူ၊ဈေးဝယ်သူများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ Mask, Face shield လက်အိတ်များဝတ်ဆင်၍ဈေးရောင်းချခြင်းများနှင့် ဈေးအတွင်းသို့ လာရောက်ဈေးဝယ်သူများ ကလည်း Maskစနစ်တကျဝတ်ဆင်ထားခြင်း ရှိ/မရှိ တို့ကို ဝင်ရောက် စစ်ဆေးခဲ့ကြပြီး Mask campaign ပြုလုပ်ခဲ့သည်၊အဆိုပါ ဈေးများ၊လူစည်ကားရာ နေရာများတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး၊ ဆက်လက်ကူးစက်ပြန့်ပွားခြင်းများ မဖြစ်စေရေး အတွက် အသံချဲ့စက်များဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ သွားလာကြစေရေးအတွက်သတိပေးနှိုးဆော်ထားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် နှာခေါင်းစည်းတပ်၍ သွားလာရေး Mask Campaign ပြုလုပ်ပြီး မတပ်ဆင်သူများကို ဒဏ်ငွေစနစ်ဖြင့် ဝယ်ယူတပ်ဆင်ရေး ကြပ်မတ်စစ်ဆေး
Oct 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် Mask တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့သည် နှာခေါင်းစည်း Mask တပ်ဆင်ရေးလှုပ်ရှားမှုကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ဗလမင်းထင်လမ်းဆုံနေရာ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28842
Page
28843
Page
28844
Page
28845
Current page
28846
Page
28847
Page
28848
Page
28849
Page
28850
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department