Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပခုက္ကူမြို့နယ်လူငယ်ရေးရာကော်မတီ ကဦးစီး၍Certificate in Effective Marketing & Sales Management Online Class (အခမဲ့) သင်တန်းဖွင့်လှစ်
Oct 11,2020
ပခုက္ကူမြို့နယ်လူငယ်ရေးရာကော်မတီက ဦးစီး၍Certificate in Effective Marketing & Sales Management Online Class (အခမဲ့) သင်တန်းကို ယမန်နေ့ နေ့လယ်၁၁နာရီကဖွင့်လှစ်သင်ကြားသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအား တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ကွင်းဆင်းစစ်ဆေး
Oct 11,2020
ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) မဲဆန္ဒရှင်အမည်စာရင်း ကပ်ထားကြေညာထားရှိမှုအား ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် အဖွဲ့ဝင်များက ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Oct 11,2020
၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ(၈)ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်ကြေညာလျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ခွဲဝင်များက သက်ဆိုင်ရာနယ်မြေများသို့ယနေ့နံနက်၁၀နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည် ။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်တွင် ပထမဆုံး ပိုးတွေ့လူနာ(၂)ဦး ဆေးရုံးဆင်းခွင့်ရရှိ
Oct 11,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ပထမဆုံးတွေ့ရှိ ခဲ့သော ကိုဗစ် -၁၉ ပိုးတွေ့အတည်ပြုလူနာ (၂)ဦးကို (အောက်တိုဘာ ၁၁ ရက်) ယနေ့ နံနက် ၁၀ နာရီ အချိန် က ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြော သည်။
အပြည့်အစုံ ဖတ်ရန်
စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးဆိုင်များ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ လိုက်လံ စစ်ဆေး
Oct 11,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဟင်္သာတမြို့နယ်အတွင်းရှိ ပျံကျဈေးမှားနှင့် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးကြီးများ၊ လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များအား စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ရောင်းချခြင်းနှင့် သတ်မှတ်ထားသည့် အချိန် အကန့်အသတ်ဖြင့် ရောင်းချနေမှု ရှိ/မရှိတို့ကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီအဖွဲ့များနှင့် စည်ပင်သာယာရေး ကော်မတီအဖွဲ့များက လိုက်လံစစ်ဆေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများ ပေးအပ်
Oct 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်တွင် AYA PAY မှတစ်ဆင့် ထောက်ပံ့ကြေး ထုတ်ယူရန် အခက်အခဲဖြစ်နေသော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းနောင်၌ ဝမ်စိမ်း ဘဝသစ်အားမာန် မျက်မမြင်ကျောင်းသို့ အလှူငွေနှင့် အခြေခံစားသောက်ကုန်များ (ဒုတိယအကြိမ်) လှူဒါန်း
Oct 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ ဝမ်စိမ်းကျေးရွာအုပ်စုရှိ ဘဝသစ်အားမာန် မျက်မမြင် ကျောင်းသို့ အလှူငွေနှင့် အခြေခံစားသောက်ကုန်များကို ယမန်နေ့ ညနေ ၄ နာရီအချိန်က (ဒုတိယအကြိမ်)အဖြစ် သွားရောက် လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတော၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာလအတွင်း စားသောက်နေထိုင်မှု အခက်အခဲရှိသည့် အိမ်ထောင်စု ၉၄ စု အား ဆန် ၆ ပြည်စီ ပေးအပ်လှူဒါန်း
Oct 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာလအတွင်း စားသောက်နေထိုင်မှု အခက်အခဲရှိသည့် မြို့ပေါ်ရပ်ကွက်လေးခုမှ အိမ်ထောင်စု ၉၄ စုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် ဌာနဆိုင်ရာများမှ ဆန်များကို ယနေ့နံနက်ပိုင်းတွင် သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28838
Page
28839
Page
28840
Page
28841
Current page
28842
Page
28843
Page
28844
Page
28845
Page
28846
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department