အမြို့မြို့အနယ်နယ်သတင်းများ

Oct 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစုကျေးရွာနှင့် ကြိမ်ကျောင်း ကျေးရွာတို့တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
Oct 11,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ရှင်ဗွေယန်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂)အုပ်စု အတွင်းရှိ မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် လျာထားနေရာများနှင့် ဒုတိယအကြိမ် မဲစာရင်းများ ထုတ်ပြန်ကြေညာ ထားရှိမှုများအား ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်အောန်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
Oct 11,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရှိ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေ အနေများအား ယမန်နေ့က ရှမ်းပြည်နယ် စိုက်ပျိုးမေွးမြူဖွံ့ဖြိုးရေး ကော်မတီမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 11,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေးအတွင်းရှိ စျေးရောင်း/ဝယ်သူများတွင် Mask များတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို အောက်တိုဘာ ၁၁ ရက်နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 11,2020
ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာတွင် ကိုယ်ထူကိုယ်ထဖြင့် တူးဖော်တည်ဆောက်ခဲ့သည့် အလျား ပေ၃၀၀၊အနံပေ ၂၀၀ရှိ မာလ်ဆောမ်ကျေးရွာဘော်လုံးကွင်းသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းတစ်ခုလုံး မြေသားကျွံကျပျက်စီးခဲ့သဖြင့် ချင်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက်သာမန်အသုံးစရိတ် ငွေကျပ်သိန်း(၅၀)ဖြင့် ကျေးရွာဘော်လုံးကွင်းပြုပြင်ရေးကော်မတီမှ စက်တင်ဘာလ ၁၀ရက်နေ့မှ စတင်ပြုပြင်ခဲ့ရာ ယခုတွင် ၁၀၀ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း ဟားခါးမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနထံမှ သိရှိရသည်။
Oct 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဘုတလင်မြို့နယ်အသင်း(ရန်ကုန်)မှ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံသို့ အလှူငွေများကို ယနေ့ မနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 11,2020
ချင်းပြည်နယ်၊ မတူပီမြို့တွင် ဝင်ရောက် ဖြတ်သန်းကြမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ် နောက် လိုက်များအား မြို့အဝင်ဂိတ်များတွင် (RTD)Test Kit ဖြင့် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှု ရှိ /မရှိ စစ်ဆေးပြီးNegative အဖြေရသူများကိုသာ ဝင်ရောက်ဖြတ်သန်း ခွင့်ပြုမည်ဖြစ် ကြောင်း သိရသည်။