အမြို့မြို့အနယ်နယ်သတင်းများ

Oct 11,2020
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများ သိရှိစေရန် "သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/ မပါစစ်ဆေးပြီးပြီလား " ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ ပြည်ထောင်စုလမ်းမကြီးနှင့် မြခွာညိုလမ်းဆုံတွင် လည်းကောင်း၊ ဈေးဆိုင်ခန်းများတွင် လည်းကောင်း ဖြန့်ဝေဆောင်ရွက်ကြောင်း သိရသည်။
Oct 11,2020
ကိုဗစ်-၁၉ ထိမ်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ဂန့်ဂေါမြို့နယ်အဆင့်ကော်မတီသို့ မြို့နယ်ပညာရေး ဝန်ထမ်း မိသားစု နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဝန်ထမ်းမိသားစုများက ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အလှူငွေများ လာရောက်လှူဒါန်းကြသည်။
Oct 11,2020
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးညှင်းမြို့တွင် စက်တင်ဘာလ ၁၁ရက်နေ့ ယနေ့ နံနက် (၁၀:၃၀) အချိန်တွင် မိုးညှင်းဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါပိုးတွေ့ သည့် ကလေးအထူးကုဆရာဝန်တစ်ဦးအပါအဝင်ကျန်းမာရေးဝန်ထမ်း(၃)ဦးအားဆေးရုံမှဆင်းခွင့်ပြုခဲ့ ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးကပြောကြားသည်။
Oct 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြရာ မိုင်းပတ်စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းနေသော အရန်မီးသတ် တပ်ဖွဲ့ဝင်များ အတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆေးစိမ်ခြင်ထောင် ခြောက်လုံးအား ယနေ့နံနက်က ထောက်ပံ့ ပေးအပ်သည်။
Oct 11,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက် မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရောင်စုံရုပ်ပုံ လွှာများနှင့် ၂၀၂၀ပြည့် နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲထည့်ဖို့ မမေ့ပါနဲ့စသည့် ပိုစတာများအား ယမန်နေ့ ညနေပိုင်းက ပြသ ထားခဲ့သည်။
Oct 11,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက် ကျေးရွာ အုပ်စု စာ​ရေးဝန်ထမ်းများအား နိုင်ငံတော်မှ ဒုတိယအကြိမ် တစ်ဦးလျှင် ငွေကျပ် တစ်သိန်း ထောက်ပံ့ ပေးအပ်ခြင်းကို အောက်တိုဘာလ(၉)ရက် မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် “သင့်အမည် မဲဆန္ဒရှင် စာရင်းမှာ ပါ၊ မပါ စစ်ဆေးပြီးပြီလား” အသိပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများကို ယမန်နေ့ နံနက် (၇)နာရီခွဲက မြို့မဈေးနှင့် ယာယီပျံကျဈေး တို့တွင် အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ ကြောင်းသိရ သည်။