Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပုံပါကျင်မြို့ အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လွှတ်တော်ရန်ပုံငွေကျပ်သိန်း(၁၀၀၀)ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Oct 09,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လွှတ်တော် ရန်ပုံငွေကျပ်သိန်း (၁၀၀၀)ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့က ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တောင်ပိုင်းခရိုင်၌ မဲရုံပေါင်း(၁၇၄၄)ရုံတွင် ဆန္ဒမဲပေးနိုင်ရန်စီစဉ်ထားရှိ
Oct 09,2020
၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုလာမည့်နိုဝင်ဘာ ၈ရက်တွင်ကျင်းပ တော့မည် ဖြစ်ရာ
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် Mask နှာခေါင်းစည်းတပ်ဆင်မှု မရှိသည့်သူများကိုဒဏ်ငွေ ပေးဆောင်စေခြင်းနှင့် Mask campaign ဆောင်ရွက်
Oct 09,2020
ရန်ကုန်မြောက်ပိုင်းခရိုင် ၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ အတည်ပြုပိုးတွေ့လူနာများမြင့် တက်လာခြင်းကြောင့် ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ မြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask များ မပျက်မကွက်တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာကြရန် တာဝန်ရှိသူများက အသိပေးပြီးဖြစ်ရာ ယမန်နေ့ နံနက် ၇ နာရီက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် လူအများ သွားလာသည့် နေရာများတွင် Mask မတပ်ဆင်သူများကို ဒဏ်ငွေပေးဆောင်စေခြင်းနှင့်mask campaign များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်ပြည်သူ့ဆေးရုံမှ ပိုးတွေ့လူနာ ၅ ဦး ဆေးရုံဆင်းခွင့်ရ
Oct 09,2020
ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ မှတ်တိုင်ရွာမှ လူနာ ၂ ဦး၊ ညောင်ပင်ကိုင်းဆွဲ ရွာမှ လူနာ ၁ ဦး၊ ဖောင်အိုင်ရွာမှ ၁ ဦးတို့နှင့် contact ရှိသူ ပေါက်တန်းရွာမှ ၁ ဦး စုစုပေါင်း ၅ ဦးတို့သည် သတ်မှတ်ထား သော ဆေးရုံတက်ရက်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ် ၂ နာရီခွဲ အချိန်ခန့်က ဆေးရုံဆင်းခွင့်ရရှိသွားပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ အခြေခံပညာကျောင်းတစ်ကျောင်းကို Quarantine Centreအဖြစ် ထပ်တိုးဖွင့်လှစ်
Oct 09,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်နှံမှုများမရှိ စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား သီးခြားနေထိုင် စောင့်ကြည့်မှုများကို ပြုလုပ်သွားနိုင်ရေးအတွက် အခြေခံပညာကျောင်းတစ်ကျောင်းကို Quarantine Centre အဖြစ်ထပ်မံ၍ ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုံပါကျင်မြို့တွင် ဆုံဆို့နာရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းဆောင်ရွက်
Oct 09,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် လတ်တလောဖြစ်ပွားနေသော ဆုံဆို့နာရောဂါအတွက် ကာကွယ် ဆေး ထိုးနှံခြင်းလုပ်ငန်းကို ပုံပါကျင်မြို့ ကျေးလက် ကျန်းမာရေး ဌာနတွင် ယနေ့ နံနက်(၉)နာရီမှစ၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် ဆန်စက်ပိုင်ရှင်များအသင်းမှ ဆန်(၁)ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး
Oct 09,2020
ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်နေသည့်ကာလအတွင်း ဝင်ငွေနည်းပါးသည့် အခြေခံအိမ်ထောင်စုများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရန် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ဘိုကလေးမြို့နယ် ဆန်စက်ပိုင်ရှင်များ အသင်းမှ အောက်တိုဘာ (၈)ရက်နေ့မှ စတင်၍ နံနက်(၇)နာရီမှ မွန်းလွဲ ၁ နာရီခွဲထိ ဆင်းသွယ်လတ်ဆန်(၁)ပြည်လျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် မြို့နယ် နှစ်ကျိပ်ရှစ်ဆူ တန်ဆောင်းတော်ကြီးတွင် နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 09,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်း ရေးကောက်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28860
Page
28861
Page
28862
Page
28863
Current page
28864
Page
28865
Page
28866
Page
28867
Page
28868
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department