အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2020
စစ်ကိုင်းခရိုင်/ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့များနှင့် ပါတီ အသီးသီးမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့၊ နေ့လည်ပိုင်းက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြု လုပ် ဆောင်ရွက် ခဲ့ကြ ကြောင်း သိရသည်။
Oct 09,2020
မ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် (Mask) နှာခေါင်းစည်း များကို စနစ်တကျတပ် ဆင်သွားလာကြရန်အတွက် ယနေ့ နံနက်ပိုင်းက (Mask) နှာခေါင်း စည်းများ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
Oct 09,2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း အာမခံ အလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်လူမှုဖူလုံရေးရုံးခွဲအမှတ်(၂)၊ သင်္ဃန်းကျွန်းမြို့နယ် ရုံးတွင်အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှထုတ်ပြန် ကြေညာခဲ့သော အမိန့်ကြေညာစာ အမှတ်(၁၉၆/၂၀၂၀) အရ လူမှုဖူလုံရေး အဖွဲ့တွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားများအား လုပ်ခလစာ၏၄၀%ကို အာမခံအလုပ် သမားများနှင့် မိသားစုအတွက် ငွေကြေးထောက်ပံ့မှုခံစားခွင့် ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်း အချိန်က အဆိုပါရုံးခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
Oct 09,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် နေရပ်အသီးသီးမှ ပြန်လည်ရောက်ရှိလာကြသည့် ဆရာ/ဆရာမများအား အခြေခံပညာအထက်တန်းကျောင်း-ခွဲ(ဟိုလီ)၌ အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (Facility Quarantine) အသွားအလာကန့်သတ်မှု(၁၄) ရက် ထားရှိကြောင်း သိရသည်။
Oct 09,2020
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ ပတ္တမြားမြို့သစ် ၊ ရွှေနံ့သာကျေးရွာနှင့် ကုန်းတလ ပေါင်းကျေးရွာရှိ Lockdown ချထားသောလမ်းများမှ အိမ်ထောင်စုများနှင့် အဆောင်နေအိမ်ထောင်စု( ၂၃၀)အတွက် အလှူရှင်များမှ ဆန်၊ ဆီ၊ ၊ ကြက်ဥ နှင့် Maskနှာခေါင်းစည်း များကို ယမန်နေ့ ညနေပိုင်းက ပေးအပ်လှူဒါန်းသည်။
Oct 09,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့အဝင်ကျိုင်းဖောင်း အနီးတွင် ကျန်းမာရေး စစ်ဆေးမှု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 09,2020
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုမှာ ရာသီဥတုဖောက်ပြန်၍ မိုးခေါင်မှုကြောင့် ပုံမှန်လယ်ယာစိုက်ပျိုးခြင်းမှ မိသားစုတစ်ပိုင်တစ်နိုင် ခြံများစိုက်ပျိုး လုပ်ကိုင် လျှက်ရှိရာ ငရုပ်သီးစိမ်းပင်များစိုက်ပျိုးရောင်းချခြင်းပြုလုပ်သူ ခြံပိုင်ရှင်များ အမြတ်ငွေပိုမိုရရှိ လျှက်ရှိကြောင်းသိရှိရသည်။