အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ Quarantine Centre တွင် ပါဝင် ကူညီဆောင်ရွက် ပေးသော စေတနာ့ဝန်ထမ်း (Volunteer) များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့ သပြေညွှန့်ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Oct 09,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Oct 09,2020
ရန်ကုန်အနောက်ပိုင်းခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာတွင် ကမာရွတ်မြို့နယ်အတွင်းရှိ Quarantine Center များနှင့် လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်အတွက် တိရစ္ဆာန်ဆေးကုဆရာဝန်များ ပရဟိတအဖွဲ့များ (Infinity Vets Myanmar) မှ မျက်မှန်(၅၀)ခု၊ လက်အိတ် (၂၅)ဘူး၊ HandGel 500ml(၁၀)ဘူးနှင့် Mask(၂၀၀၀)ခုတို့ကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က အ.မ.က(၂) ကျောင်း Community Based Facility Quarantine Center သို့ လာရောက် လှူဒါန်းခဲ့သည်။
Oct 09,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ရွေးကောက်ပွဲတာဝန် ထမ်းဆောင်မည့် အထူးရဲ များနှင့် သင်တန်းနည်းပြများအား ကိုဗစ် − ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 09,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)လားရှိုးက နမ့်ဆန်မြို့နယ်ရှိ ဂရုဏာရှင်လူမှုကူညီရေးအသင်းနှင့် သံသရာခရီးသည်လူမှုကူညီရေးအသင်းတို့အတွက် ပေးပို့လာသည့် ထောက်ပံ့ပစ္စည်းများကို ယနေ့နံနက်(၉)နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 09,2020
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ စစ်ကိုင်းတိုင်းဒေသကြီးဘက်မှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့ရှိ စစ်ဆေးရေးစခန်းတွင် Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယမန်နေ့က ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Oct 09,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးရွာပြည်သူများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ လုံခြုံမှုရရှိစေရေးအတွက် မြေပေးမိန့်များ ပေးအပ်ခြင်းကို ယနေ့ နံနက်က ကျောက်စုကျေးရွာ ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရ သည်။
Oct 09,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့အတွင်း အသက်၈၀နှစ် မှ ၈၅နှစ်အကြားသက်ကြီး ဘိုးဘွားများအတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ ကိုဗစ်-၁၉ ရောဂါစီးပွားရေးကုစားမှုအစီအစဉ်အရ ယနေ့နံနက် ၁၀ နာရီခန့်က အိမ်တိုင်ရာရောက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။