အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့် ထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လှည့်လှည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
Oct 09,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mobile လှည့်လည်လှုပ်ရှား စစ်ဆေးရေး အဖွဲ့များမှ နေ့စဉ်ကွင်းဆင်း စစ်ဆေးလျက်ရှိရာ ယမန်နေ့က စစ်ဆေးရေးအဖွဲ့အမှတ် (၁)မှ မြို့နယ်အတွင်း ၀င်ထွက်နိုင်သော လမ်းများတွင် နံနက် ၈ နာရီမှ စတင်၍ ညနေ ၄ နာရီထိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
Oct 09,2020
ချမ်းအေးသာစံ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပုံးများအား ချိတ်ပိတ်ခြင်းကို ယမန်နေ့ ညနေ ၃နာရီက အဆိုပါရုံးတွင် ပြုလုပ်ခဲ့သည်။
Oct 09,2020
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ ကော်မတီဝင်(၇) ဦးဝင်းမြင့်သန်းနှင့်အဖွဲ့များက ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်အနောက် ပိုင်းခရိုင်၊ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးတို့တွင်ဈေး ရောင်းချသူ များနှင့် စျေးဝယ်လာသူများအား Mask စနစ်တကျ တပ်ဆင်ရေး၊ စည်းကမ်းလိုက်နာ ရေးနှင့် မလိုက်နာသူများအား ဒဏ်ရိုက်အရေးယူ ဆောင်ရွက်စေ ရေးအတွက် လာရောက် ဆွေးနွေးခဲ့ကြသည်။
Oct 09,2020
ကျောက်တံတားမြို့နယ် ၃၈ လမ်းရှိ Community Based Facility Quarantine Center (ပြည်သူအခြေပြုအသွားအလာ ကန့်သတ်စောင်ကြည့်နေရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေနှင့် ပစ္စည်းများကို မြို့နယ်အတွင်းရှိ ပြည်သူများနှင့် အလှူရှင်စေတနာရှင်များမှ နေ့စဉ် လာရောက်လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ နံနက် ပိုင်းတွင်လည်း အမှတ်(၂) ရပ်ကွက်(၃၄)လမ်းမှ ဦးမြင့်အောင်+ဒေါ်ခင်မြမြမိသားစုက အလှူငွေ (၇၀၀၀၀ဝိ/-)ကျပ်၊ ဘွားဘွား ဒေါ်ခင်ရီ(၂)နှစ်ပြည့် ကုသိုလ်အဖြစ် (၂၅၀၀၀ဝိ/-)ကျပ်တို့ကို လာရောက် လှူဒါန်းပေးခဲ့ရာ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့က အလှူငွေများ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 09,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် လင်းခေးမြို့တွင်း မိုင်းပန်-ဝမ်ဟတ်သွား လမ်းဆုံ၌ ပြည်သူများသွားလာနေကြသည့်နေရာသို့ ပူးပေါင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Oct 09,2020
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တာမွေမြို့နယ်ရှိ Community Based Facility Quarantine Centre သို့ ကျန်းမာရေးသုံးပစ္စည်းများဖြစ်သည့် Surgical Gown(၅၀)ထည်၊ Plastic Apron (၁၀၀)ခုပါ (၂ )ထုပ်၊ Surgical Mask (၁၀၀၀)ခု၊ Face Shield (၂၀၀)ခု၊ KN 95 Mask (၂၀)ခု၊ လက်အိပ်(၁၀၀)ခုပါ(၂)ဘူး၊ ရေမလို လက်သန့်ဆေးရည်(၅၀၀မီလီ) (၅)ဘူး၊ လက်ဆေး ဆပ်ပြာရည် (၅၀၀မီလီ)(၅)ဘူး၊ အရက်ပျံ (၅၀၀မီလီ)(၅)ဘူး၊ သွားတိုက်ဆေး+သွားပွတ်တံ+ဆပ်ပြာတုံး (၃)မျိုးတွဲပါ(၁၀၀)စုံ၊ မြက်ဖျာ၊ ခေါင်းအုံး+ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ ဂွမ်းကပ်ပါ (၁၀၀)စုံ၊ ရေချိုးခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက်ပါ(၁၀၀)စုံ စုစုပေါင်း ငွေကျပ်(၁၄၆၈၉၀၀/−) တန်ဖိုးရှိ ပစ္စည်းများကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ Assistant Operation Manager ဦးအောင်ခန့်က ပေးအပ်လှူဒါန်းရာ တာမွေ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်အေးနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့သည်။