Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လားရှိုးခရိုင်စီမံခန့်ခွဲမှုကော်မတီနှင့် လားရှိုးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 09,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ယနေ့ နံနက်(၉)နာရီ အချိန်က လားရှိုးခရိုင်စီမံခန့်ခွဲမှု ကော်မတီနှင့် လားရှိုးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးအား ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း ကျင်းပခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အ-ထ-က(၇)အလုံ အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ (Quarantine Centre) သို့ ရေလုံ လောက်စွာ သုံးစွဲနိုင်ရေးအတွက် ရေပေးဝေလှူဒါန်း
Oct 09,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇) အလုံတွင် ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်စင်တာ (Quarantine Centre) ရှိ အသွားအလာ ကန့်သတ်ထားသော ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ သုံးရေလုံလောက်စွာ အသုံးပြုရန်အတွက် ယနေ့ မွန်းတည့်(၁၂)နာရီအချိန်က သုံးရေများ လာရောက်ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါ့သရောက်မြို့၌ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ Mask Campaign ပြုလုပ်
Oct 09,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေး၊ ပြည်သူများ နှာခေါင်းစည်းတပ်ဆင် အသုံးပြုကြ ရေးအတွက် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ Mask Campaign ပြုလုပ်ခြင်း ကို ယနေ့နံနက်ပိုင်းက မြို့အဝင်လမ်းနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကွင်းဆင်း ဆောင်ရွက်
Oct 09,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပိုးဇာနွယ်ကျေးရွာ၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဖုံး၊သွန်၊လဲ၊စစ်နှင့်အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်၊မြို့ထွက်ဂိတ်တွင် နေ့စဉ်အရှိန်အဟုန်မပြတ်စစ်ဆေးဆောင်ရွက်
Oct 09,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်၊မြို့ထွက်ဂိတ်တွင် နေ့စဉ်အရှိန်အဟုန်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ဗဟိုစံပြငါးစျေးသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် များမှ ကွင်းဆင်းစစ်ဆေး
Oct 09,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ဗဟိုစံပြငါးဈေးတွင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ များက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် အသက် ၈၀ နှင့် ၈၅ နှစ်အကြား သက်ကြီးဘိုးဘွားများကို ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Oct 09,2020
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် ၈၀ ပြည့်ပြီး ၈၅ နှစ်မပြည့်သေးသော သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မှ တာဝန်ရှိသူများက ဘိုးဘွားများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 09,2020
ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားမှု ပြည်သူများ သိရှိစေရန် ရွေးကောက်ပွဲဆိုင်ရာ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ထားခြင်းတို့ကို ယနေ့နံနက်က မြို့မဈေး၊ တက္ကစီဂိတ် နှင့် မြို့ပေါ်ရပ်ကွက် များတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28864
Page
28865
Page
28866
Page
28867
Current page
28868
Page
28869
Page
28870
Page
28871
Page
28872
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department