အမြို့မြို့အနယ်နယ်သတင်းများ

Oct 09,2020
ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ အား ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်−၁၉ ရောဂါ ဆိုင်ရာ အသိပညာ ပေး ရုပ်ပုံများ ပြသခြင်း ဆောင်ရွက်ခဲ့သည်။
Oct 09,2020
ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့အတွင်းရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအထိကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေး ခြင်းတို့ကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက် (၄)ခုနှင့် ကျေးရွာပေါင်း (၂၇)ရွာတို့တွင် သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာန(ခွဲ)အလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 09,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားငူအုပ်စု၊ လဖျော်ပင်ကျေးရွာနေ ဦးအောင်နိုင်(ကျဘမ်း)၏ (၄)ပင် အိမ်၊ သက္ကယ်မိုး၊ ထရံကာ ဝါးအိမ်(၁)လုံး ပြိုလဲပျက်စီးခြင်း၊ အလားတူ ထိန်တောအုပ်စု၊ ကျွန်းကြီးရွာ ဦးနေဝင်းအောင် ကိုင်းလုပ်သူ၏ သွပ်မိုး၊ ထရံကာ၊ ဝါးအိမ်မှာ သစ်ပင်ပိခြင်းကြောင့် အိမ်တစ်ခြမ်း ပျက်စီးခဲ့ခြင်း၊ မြေဇာအုပ်စု၊ ကျွန်းသီတာကျေးရွာရှိ ဦးမြင့်အောင်(ကျဘမ်း)၏ သွပ်မိုး၊ ထရံကာ၊ သစ်သားအိမ်မှာ သစ်ပင်ပိခြင်းကြောင့် အမိုးသွပ်(၁၀)ချပ်ခန့်နှင့် ဒိုင်း၊ မျှား သစ်(၃)ချောင်း ပျက်စီးခြင်း တို့ ဖြစ်ပွားခဲ့သည်။
Oct 09,2020
မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးကော်မတီတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ပရဟိတမိဘမဲ့ကလေးဂေဟာများတွင် အာဟာရနို့တိုက်ကျွေးခဲ့ကြပြီး maskများ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
Oct 09,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း နှာခေါင်းစည်း Maskများ မပျက်မကွက်တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်
Oct 09,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ထန်းတပင်မြို့နယ်အတွင်း မဲရုံလုံခြုံရေး အတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ(၉၄)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ယနေ့ နံနက် ၇ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ ခြင်းမရှိ (မရှိ)ကြောင်း သိရသည်။
Oct 09,2020
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကြောင့် အလုပ်အကိုင် ရှားပါး၍ စားဝတ်နေရေး အဆင်မပြေသည့် အိမ်ထောင်စုများအတွက် အလှူရှင်များမှ အခြေခံစားသောက်ကုန် များကို ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များမှတစ်ဆင့် လှူဒါန်းပေးနိုင်ရန် ယမန်နေ့ ညနေပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ We Love North Okkalapa ပရဟိတအဖွဲ့ သို့ ဆန်(၆)ပြည်ပါ ဆန်အိတ်(၁၅၀)အိတ်အား အလှူရှင် ဦးနေလင်းကျော်၊ ဒေါ်တင်စုလှိုင် မိသားစုမှ လှူဒါန်းခဲ့ရာ We Love North Okkalapa ပရဟိတအဖွဲ့မှ မထိုက်ထိုက်အောင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။
Oct 09,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အ-ထ-က(၄) အလုံတွင် ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်စင်တာသို့ ယနေ့ နံနက်ပိုင်းက အလှူငွေများ လာရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။