အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မှ မြို့နယ်အတွင်းရှိ Quarantine Center များအတွက် ကျန်းမာရေး အထောက်အကူ ပြုပစ္စည်းများကို ယမန်နေ့ နေ့လယ်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 08,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့အဝင်/ အထွက် ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 08,2020
ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက် အရ ယခုလက်ရှိအချိန်အထိ ပိုးတွေ့အတည်ပြုလူနာ(၉၉)ဦး ရှိလာသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာများနှင့် ထိတွေ့မှုရှိခဲ့သူများအား Primary Contact အဖြစ် အနီးကပ် စောင့်ကြပ်ကြည့်ရှုနိုင်ရန် အတွက် Quarantine Centre (၄) ခု ထားရှိဆောင်ရွက်ထားကြောင်း သိရ သည်။
Oct 08,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက် လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဌနှင့် ကော်မတီ ဝင်များက ယနေ့ နံနက် ၉ နာရီအချိန် မှ စ၍ ပြည်သူများနေအိမ်မှ ပြင်ပသို့ ထွက်ခွာလာရာတွင် နှာခေါင်းစည်း mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို တက္ကသိုလ်ရိပ်သာ လမ်း၊လှည်းတန်းလမ်း ၊ လှည်းတန်းစျေးရှေ့များတွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။
Oct 08,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ Face Shield အခု (၆၀၀) အား ယနေ့နံနက်(၆)နာရီခွဲအချိန်မှစတင်ကာ မြစ်သားမြို့မစျေး၊ အခွန်လွတ် စျေးနှင့် ရေဝန်းစျေးများတွင် စျေးရောင်းချသူများကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Oct 08,2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်နံရံကပ်ပြဘုတ်နှင့် သီခြားပြဘုတ်တို့ တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ပိုစတာများကို ယနေ့နံနက် က ပြသပေးလျက်ရှိသည်။
Oct 08,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာ ၈ ရက် နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြိုပေါ်ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Oct 08,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးတို့တွင် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ဆောင်ရွက်ထားသော ကိုဗစ်-၁၉ ရောဂါ ကန့်သတ်စောင့်ကြည့်စခန်း(၃)ခု၌ လိုအပ်လျက်ရှိသော ရေသန့်ဘူးများအား စေတနာရှင်များနှင့် We Love Mingalar Taung Nyunt ပရဟိတအဖွဲ့တို့မှ ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်း ခဲ့ကြသည်။