အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2020
သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ထိန်ကိုင်း(ကုန်း) ကျေးရွာတွင် unicef အစီအစဉ်ဖြင့် ကျေးရွာရေပိုက်လိုင်း စနစ်ဆောင်ရွက်ရန် Level Survey တိုင်းတာခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၈ နာရီက သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးမျိုးမင်းသက်၊ မင်းတုန်း မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်နှင့် ဝန်ထမ်းများက မြေပြင်ကွင်းဆင်း၍ Level Survey တိုင်းတာခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။
Oct 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် (၈) လုံးရှိ အိမ်ထောင်စုဝင်များအတွက် ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ကျင်းပပြုလုပ်ခဲ့သည်။
Oct 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက်
Oct 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊ မင်္ဂလာဒုံမြို့နယ်တွင် Community based Facility  Quarantine Centreများ၌ အသွားအလာ  ကန့်သတ်စောင့်ကြည့်သူ (၁၆၈)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်  နမူနာအား ယမန်နေ့ နံနက် ၈ နာရီအချိန်က သက်ဆိုင်ရာ ကန့်သတ်စောင့်ကြည်ရေးနေရာအသီးသီးသို့ ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြို့နယ် ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများက ရယူခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့  စစ်ဆေးရန် ပို့ဆောင်ထားကြောင်း သိရသည်။
Oct 08,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရေတိုက်စားမှုကြောင့် မြစ် ၊ ချောင်းဘေးအနီး ကျေးရွာများတွင် ကြုံတွေ့ရ လေ့ရှိသည့် ကမ်းပြိုကျမှုအန္တရာယ်များ လျော့နည်းသက်သာစေရေးအတွက် ရည်ရွယ်ပြီး လာမည့် ၂၀၂၁ ခုနှစ် မိုးရာသီတွင် ဗာတီဗာမြက် ပျိုးပင်ရေ ၆၀၀၀ စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ မြို့နယ်သစ်တောဦးစီးဌာနရုံးမှ သိရသည်။
Oct 08,2020
ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ အောင်မြင် ဖြစ် ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ ကွင်းဆင်းကြည့်ရှု၍ ပိုးမွှားကာကွယ်ရေး လုပ်ငန်း အပါအဝင် လုပ်ငန်းလိုအပ်ချက်များအတွက် ပညာပေးဆွေးနွေးလျက်ရှိကြောင်း သိရသည်။
Oct 08,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော် မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မေလ(၆) ရက်နေ့မှ စတင်ပြီး စနစ်တကျလွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ အောက်တိုဘာလ (၈)ရက်နေ့တွင် အမျိုးသား (၃၃)ဦး ၊ အမျိုးသမီး (၄)ဦး စုစုပေါင်း (၃၇ )ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့သည်။
Oct 08,2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က   ယနေ့မွန်းလွဲပိုင်းက ပိုစာများအား မြို့အချက်အခြာကျပြီး အသွားအလာများပြားရာ နေရာများ၊ ဈေးများ၊ ကားဂိတ်နှင့်ဆိုင်ကယ် ကယ်ရီဂိတ်များတွင် လိုက်လံကပ်ထားကြပြီး လက်ကမ်းစာစောင် များအား  ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။