အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2020
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ဒေသ လယ်ဆောကျေးရွာတွင် ဆင်းသုခစပါး မျိုးသန့်၊ မျိုးပွါးထုတ်လုပ်နိုင်ရေး လယ်မြေ ၃၅ ဧကတွင် စိုက်ပျိုးထားရာ မျိုးကွဲပယ်ခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ဓာတ်မြေသြဇာနှင့် သွင်းအားစုများထည့်သွင်းခြင်းတို့ ဆောင်ရွက် လျက် ရှိကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Oct 08,2020
မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်တွင် ပညာရေးကဏ္ဍအဆင့်မြင့်မားရေးအတွက် အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ကန်ကြီးကုန်းကျေးရွာ အခြေခံပညာ အလယ် တန်းကျောင်း၌ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သိန်း(၆၅၆) ဖြင့် (Steel Structure ) တစ်ထပ်ကျောင်းဆောင် ဆောက် လုပ်ခြင်း လုပ်ငန်းရာနှုန်းပြည့် ပြီးစီးကြောင်း သိရသည်။
Oct 08,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မျိုးစ့ထုတ်မျိုးစပါးများကို စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်အရ စလင်းမြို့နယ် တွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု ၁၁၀ အုပ်စုအတွက် မျိုးစေ့ထုတ်မျိုးစပါး ၁၀၄၀ ဧကစိုက်ပျိုး ထားရှိရာ အောက်တိုဘာလ ၈ ရက်နေ့နံနက် ၇ နာရီအချိန်က ဝက်သိုက် ကျေးရွာနှင့် ရုံးပကန်ကျေးရွာများရှိ စိုက်ကွက်များကို လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
Oct 08,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၉နာရီခွဲက
Oct 08,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် အိန္ဒိယနိုင်ငံမှလာရောက်သည့် MV. HORIZON-9 သင်္ဘောပေါ်မှ သင်္ဘောသား (၃) ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် M.V HUPEH သင်္ဘောပေါ်မှ သင်္ဘောသား (၁၆) ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် MT. CT FRONTIER သင်္ဘောပေါ်မှ သင်္ဘောသား (၁၆) ဦး၊ ဘင်္ဂလာဒေ့နိုင်ငံမှလာရောက်သည့် MV.GREEN BAY သင်္ဘောပေါ်မှ သင်္ဘောသား (၂၀) ဦး စုစုပေါင်းသင်္ဘောလေးစီးပေါ်မှ သင်္ဘောသား (၅၅) ဦး ယမန်နေ့ညနေပိုင်းက Sign off ထွက်လာရာ     ကော့သောင်းမြို့ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၁၄)ရက် ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Oct 08,2020
မန္တလေးတိုင်းဒေသကြီး၊ ရမည်သင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးဆောင်၍ ရမည်းသင်း မြို့နယ် Woman Club အဖွဲ့တို့ပူးပေါင်းကာ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်အဓိက
Oct 08,2020
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၂၀ပြည့်နှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အား ဂုဏ်ပြုသောအားဖြင့် ယမန်နေ့ ညနေ (၆)နာရီခန့်တွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ၊ ဇေယျမေဒနီ ကျောင်းတိုက်တွင် သီတင်းသုံးတော်မူနေသည့် သက်တော်(၁၀၄)နှစ်ရှိ ဆရာတော် ဦးဉာဏဝံသအား ထောက်ပံ့ငွေ(၁)သိန်းကျပ်အား ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။
Oct 08,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြစိမ်းရောင်အတိုးရ ရန်ပုံငွေဖြင့် ကျေးရွာ(၃) ရွာတွင် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။