အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသည့် Quarantine Centre များ၌ အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ယမန်နေ့ နံနက် ၁၁ နာရီက ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 08,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကို သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထားရှိမှုများကို တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Oct 08,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီသို့ အလှူငွေနှင့် အောက်ဆီဂျင်ဘူးများကို ယနေ့ နံနက်ပိုင်းက အ-ထ-က (၇) အလုံတွင်
Oct 08,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများနှင့်
Oct 08,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ကုန်စည်စီးဆင်းမှု မရပ်တန့်စေရေးအတွက် ကုန်တင်ကား ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား test-kit စစ်ဆေးမှုကို အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၈နာရီ အချိန် မှာ စတင်လုပ်ဆောင်ခဲ့ကြောင်း ရွှေဘိုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုခရိုင်ပြည်သူ့ကျန်းမာ‌ ရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းလဲ့လဲ့ထွေး၏ ပြောပြချက်အရသိရှိရသည်။​
Oct 08,2020
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ်စက်၀န်း လုပ်ငန်းများစတင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နမ့်လွတ် ကျေးရွာ အုပ်စုရှိ ​ကျေးရွာများသို့ ယမန်​နေ့ နံနက် (၁၀)နာရီက လူထုဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူများက သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။
Oct 08,2020
ရန်ကုန်အနောက်ပိုင်း ခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇) အလုံနှင့်အ-ထ-က(၄)အလုံ  အသွားအလာ ကန့်သတ် စောင့်ကြည့်နေရာများရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်
Oct 08,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများသောက်သုံးရေရရှိစေရန်အတွက် ရေရရှိရေးလုပ်ငန်း (လက်တူးတွင်း) တူးဖော်ခြင်း လုပ်ငန်းကိုစွန်ဖားကျေးရွာတွင် စက်တင်ဘာလဆန်းပိုင်းမှ စတင်တူးဖော်ခဲ့ရာ ယခုအခါ လုပ်ငန်း အားလုံးရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ အိမ်ခြေ(၇)အိမ်၊ လူဦးရေ (၃၀)ကျော်အတွက် ရာသီမရွေး သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ပြီဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှသိရသည်။