အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2020
နိုင်ငံတော်အရေးပေါ်ရိက္ခာဆန်များကို ပြည်သူများအား သက်သာသောဈေးနှုန်း တစ်ပြည် တစ်ထောင်ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Oct 08,2020
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ရန်ကုန်တိုင်း ဒေသကြီးမှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းနှင်သော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များကို ဧရာဝတီတိုင်းဒေသကြီး၏ အဝင်ဂိတ်ဖြစ်သည့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဒေးဒရဲတံတား စစ်ဆေးရေးဂိတ်တွင် ယနေ့ နံနက် ၈ နာရီမှ စတင်၍ ကိုဗစ်-၁၉ ပိုးရှိ/မရှိ COVID-19 Antigen Rapid Diagnostic test kits(RDT) ဖြင့် စတင်၍ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
Oct 08,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့သည်။
Oct 08,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။
Oct 08,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေငြာမှုနှင့် ပတ်သက်၍ ပြည်သူများသိရှိနားလည်စေရန် ပြည်ထောင်စုရွေးကောက်ပွဲမှ ထုတ်ဝေသော အသိပညာပေး ပိုစတာနှင့် လက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြသဆောင်ရွက်ခဲ့သည်။
Oct 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု ဆီဆုံကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးခဲ့သော (DU-12) မိုးစပါး (Rs to Cs) မျိုးစေ့ထုတ်စိုက်ခင်း ဧက(၆၀)ကို နမ့်မော်ဆွမ့်ကျေးရွာအုပ်စုနှင့် နောင်မြိုင်း ကျေးရွာ အုပ်စုတို့မှ တောင်သူ ၃၅ ဦးက စိုက်ပျိုး ခဲ့ခြင်းဖြစ်ပြီး မျိုးစေ့ထုတ်စပါးခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Oct 08,2020
မြန်မာနိုင်ငံအတွင်းတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ကူးစက်ပြန့်ပွားမှုဖြစ်ပွားလျက်ရှိမှုအပေါ် ကူးစက်ပြန့်ပွားမှု လျော့ကျစေရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ်ပြည်သူတိုင်း mask တပ်ဆင်အသုံးပြု နိုင်ရေးအတွက် မိုးကုတ်မြို့နယ်၊ ကြက်ခြေနီအဖွဲ့တို့မှ ယမန်နေ့က မိုးကုတ်မြို့အတွင်း Mask များ ဖြန့်ဝေပေးခဲ့ကြသည်။
Oct 08,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးနိုင်သည့် အသက်(၁၈)နှစ်အထက် မဲဆန္ဒရှင်ပြည်သူများတို့၏ အမည်စာရင်းများကို အောက်တို့ဘာလ(၁)ရက်နေ့မှစ၍ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ အဆိုပါမဲစာရင်း ကပ်ထားကြေညာထားမှု အ‌ခြေအနေများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများတို့က ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။