အမြို့မြို့အနယ်နယ်သတင်းများ

Oct 07,2020
အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အားပုံမှန်ကာကွယ် ဆေးတိုက်ကျွေး ထိုးနှံခြင်းကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့
Oct 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာနည်းပညာပေးစင်တာ နယ်မြေ အတွင်းရှိ တောင်သူ ဒေါ်ဝင်းမြ၏ မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ကွက်နှင့် စိုက်ခင်းများ အတွင်း ပိုးမွှားများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် မြေဩဇာများအချိုးကျ မှန်ကန်စွာ အသုံးပြုတတ် စေရေး ၂၂ဆ၃၃နှင့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲတတ်စေရေးတို့အတွက် အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Oct 07,2020
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက် ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
Oct 07,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နောင်ချိုမြို့နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးမှူး ဒေါက်တာကိုကို ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲပညာရှင်များက မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် နယ်စပ်ဖြစ်သော နောင်ချိုမြို့နယ်၊ ခြေမြစ်ပင် ကျန်းမာရေးစစ်ဆေးရေး စခန်းတွင် ရှမ်းပြည်နယ်အတွင်းမှ ထွက်ခွာမည့်ကုန်တင်ယာဉ်များမှယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား Test Kitsဖြင့် စစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ကယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် (၂၅၀)ဦးကို စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
Oct 07,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ
Oct 07,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကုန်စည်စီးဆင်းမှုများပြတ်တောက်မှုမရှိစေရေး အတွက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့စီစဉ်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကိုဗစ်-၁၉ကပ် ရောဂါထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ ပူးပေါင်းပါဝင်လျက် ယနေ့နံနက်ပိုင်းမှ စတင်ကာ ကလေးမြို့မှအခြားမြို့များသို့ အရေး ပေါ်ကုန်စည်ကားများပြေးဆွဲမည့်ယာဉ်မောင်းများ ၊ ယာဉ်နောက်လိုက်များအား တစ်ဦးလျှင်(၂၀၀၀၀)နှုန်းဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါရှိ/မရှိ စတင်စစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။
Oct 07,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တာဆီးနိုင်ရေး ၊ ပြည်သူများ နှာခေါင်းစည်းတပ်ဆင်အသုံးပြုကြရေးအတွက် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှ ဦးဆောင်၍ Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံက်ပိုင်းက
Oct 07,2020
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် နိုင်ငံရပ်ခြားနှင့် တိုင်းနှင့်ပြည်နယ် /မြို့နယ်ခြားဒေသအသီးသီးမှ နေရပ်သို့ပြန်လာသူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်