အမြို့မြို့အနယ်နယ်သတင်းများ

Oct 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီး၊ ဟင်းရွက်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးကြပြီး ထိုင်ဝမ်ခရမ်းချဉ်သီးဈေးကောင်းရရှိနေ၍ စိုက်ပျိုးသူများပြားလာ ကြောင်းသိရသည်။
Oct 07,2020
၂၀၂၀ပြည့်နှစ်နိုဝင်ဘာ(၈)ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး  တောင်ငူခရိုင် ထန်းတပင်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌အောက်တိုဘာ (၁ )ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကပ်ထားကြေငြာလျက်ရှိကြောင်း သိရသည်။
Oct 07,2020
မိတ္ထီလာမြို့စည်ပင်သာယာစျေးကြီးအတွင်း ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ရန် ယမန်နေ့ နံနက်က ၈ နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်း၍ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 07,2020
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့၌ Stay at Home ကာလအတွင်း ကိုဗစ်-၁၉ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် ယမန် နေ့နံနက်ပိုင်း အချိန်တွင် သုံးခွမြို့စျေးအနီး နှင့်ရာဇာစတိုးလမ်းစုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Oct 07,2020
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ပြန်လည်ဝင်ရောက်လာမည့် ပင်းတယနှင့် ရွာငံမြို့ရှိ ဒေသနေ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရွာငံမြို့ရှိ မြို့ကြီးကျေးရွာ အဝင်ဂိတ်တွင် ကိုဗစ်-၁၉ Test Kit များဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းကို အောက်တိုဘာလ ၉ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Oct 07,2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ လမင်းတရာဘက်စုံပရဟိတ ဆရာတော်နှင့် ဘက်စုံလူမှုကူညီရေးအဖွဲ့ (ပုသိမ်)မှ ကိုဗစ်-၁၉ကာလတွင် ကန်ကြီးထောင်မြို့နယ် မိချောင်းတရာကျေးရွာအုပ်စု၊ ရွာသစ်ကုန်း ကျေးရွာရှိ လက်လုပ်လက်စားများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စားသောက်ကုန်များ သွားရောက်ထောက်ပံ ကူညီခဲ့ကြောင်း သိရသည်။
Oct 07,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ပညာပေးလုပ်ငန်း များကို မြို့နယ်အတွင်း လူစည်ကားရာနေရာ တစ်ခုဖြစ်သည့် မြို့မဈေးကြီးအတွင်း ယနေ့ နံနက်ပိုင်းက မြို့နယ်ဌာန ဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။