အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာကြောင်း သိရသည်။
Oct 05,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးမှ ဖြတ်သန်းသွားမည့် အခြားတိုင်းနှင့် ပြည်နယ်မှ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် မိသားစုဝင်များအား ကိုဗစ်၁၉ ပိုးရှိ/မရှိ စတင်ပြီး ကိုဗစ်-၁၉ rapid test kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၄ နာရီ အချိန်က ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာရှိ Check Point -2 အနီးတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် စုစုပေါင်း ၇၇ ဦးစစ်‌ဆေးနိုင်ခဲ့ပြီး အားလုံး ပိုးမတွေ့ Negative ဖြစ်ကြောင်း သိရသည်။
Oct 05,2020
၂၀၂၀ပြည့်နှစ်၊​ အောက်တိုဘာလ ၅ ရက်နေ့ တွင် ကျ​ရောက်မည့် ကမ္ဘာ့ဆရာများ​နေ့ကို ကြိုဆိုဂုဏ်ပြု​သော အားဖြင့် ကျိုက်မ​ရောမြို့နယ် အတွင်းရှိ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား အိမ်တိုင်ရာ​ရောက်  သွား​ရောက်၍ဂါရဝပြု ကန်​တော့ လက်​ဆောင်များ ​ပေးအပ်ခြင်းကို ယ​မန်နေ့ နေ့လယ်၁နာရီက  ကျိုက်မ​ရောမြို့​မှမူလတန်းပြဆရာ၊ ဆရာမများစု​ပေါင်း၍ ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။
Oct 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်တွင် အောက်တိုဘာလ ၃ ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ်အရ နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများကို ရပ်ကွက်အတွင်းရှိ အသက်(၈၀)မှ(၈၅) နှစ်ကြား သက်ကြီးရွယ်အို အဘိုး/အဘွားများထံသို့ အိမ်တိုင်ရာ ရောက်လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Oct 05,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့ နယ်တွင် ယမန်နေ့ နံနက် (၇)နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများအား တာဝန်ရှိသူများမှ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 05,2020
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမ၌ စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် “ကန်ကြီးထောင့်မြို့နယ် ဌာနဆိုင်ရာရုံးများ တွင် တာဝန်ထမ်းဆောင်နေသော ပုသိမ်မြို့နယ်မှ ဝန်ထမ်းများ သွားလာရေးကိစ္စများနှင့်ပတ်သက် သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး” တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ Pathein Case - 77 (ပုသိမ် / ကန်ကြီးထောင့် ကျေးလက်လမ်းဦးစီး)နှင့်အတူ အစည်းအဝေးတက်ရောက်ခဲ့သည့် မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာအကြီးအကဲများနှင့် အခြားအဆင့်ဝန်ထမ်းပေါင်း (၂၉) ဦးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Home Quarantine ထားရှိသူ (၁) ဦး စုစုပေါင်း (၃၀) ဦးတို့၏ Swab များအား အောက်တိုဘာ ၃ ရက်၊ နံနက်ပိုင်းကရယူခဲ့ပြီး ဓာတ်ခွဲစစ်ဆေး နိုင်ရန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Oct 05,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပေးအပ်လာသော Hand Held Mega Phone များ အသုံးပြု၍ ပုံပါကျင်မြို့ပေါ် ရပ်ကွက်(၅)ရပ်ကွက်အတွင်း စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာများအား ယမန်နေ့နံနက်ပိုင်းက နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း ရောဂါပိုးကူးစက် ပျံ့နှံ့မှုမရှိစေရေးအတွက် မြို့အဝင် ဗိုလ်ချုပ်ပန်းခြံ အနီးနှင့်ကျောင်းကုန်းတံတားအောက် စစ်ဆေးရေးဂိတ်(၂)ခု ထားရှိကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။