Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လမိုင်းမြို့ရှိ အသက်(၈ဝ)နှစ်နှင့် (၈၅)နှစ်အကြား သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ငွေပေးအပ်
Oct 04,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ မြို့မ(၁)ရပ်ကွက်အတွင်းရှိ အသက်(၈၀)နှစ်နှင့် (၈၅)နှစ် အကြား သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာ ရောက်လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အ၀င်အထွက် နယ်စပ်ဂိတ်များတွင် ကုန်တင် ယာဉ်များ ကို ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းနှင့် ကုန် စည်စီးဆ…
Oct 04,2020
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊သပြေကန်ကျေးရွာအုပ်စု စစ်တောင်းတံတားဂိတ်တွင် ယနေ့ နံနက်၈နာရီအချိန်က ကုန်တင်ကားများ ဖြတ်သန်းစီးဆင်း ပိတ်ဆို့မှုဖြစ်စဉ် ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်း သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီးလှမျိုးရွှေ၊ စက်မှု လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ဝန်ကြီးဦးသန်းဝင်းနှင့်အစိုးရအဖွဲ့အတွင်းရေးမှူးဦးခင်မောင်ဆန်းတက်ရောက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၊လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူး ကြီး နေထွဋ်ဦး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်သူဇော်နှင့် တိုင်း၊ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများတက်ရောက်ကာ နှစ်ဘက်ကုန်သွယ်မှုအ၀င်အထွက် နယ်စပ် ဂိတ်များတွင် ကုန်တင်ယာဉ်များကို ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေး ဆောင်ရွက် ခြင်းနှင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးခြင်း မရှိစေရေး အဝင်/အထွက် နယ်စပ်ဂိတ် များတွင် ကုန်တင်ယာဉ်များ ရပ်တန့်ထားပြီး ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေး ချက်များအား အမြန်ဆုံးစစ်ဆေး ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် ရမည်ဖြစ် ကြောင်း၊ တစ်ဖက်မှလည်း ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှု မရှိစေရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့သို့စစ်ဆေးရာတွင် ယာဉ်မောင်းများ၊ ယာဉ်နောက် လိုက်များတွင် ရောဂါပိုးတွေ့ရှိသူများလည်း ရှိလာနိုင်မည်ဖြစ်၍ လူနာတင်ယာဉ်များ၊ ရောဂါပိုးတွေ့ရှိသူ ထားရန်နေရာများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တို့ကိုလည်း စီစဉ်ထားရှိရန်လိုအပ်ကြောင်း၊ Covid-19 ရောဂါပိုး အမြန်ဆုံး စစ်ဆေးနိုင်ရေး အတွက် Antigen Test Kit များအား ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာနေရာများသို့ ညတွင်းချင်း အရောက်ပေးပို့နိုင်ရေး ဂိတ်တာဝန်ကျဌာနဆိုင်ရာများမှလည်း လိုအပ်သည် များ ကူညီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းဆွေးနွေးညှိနိုင်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ် ပြင်ပ(ပြည်တွင်း)ရောက် ကြိုတင်မဲ လက်မှတ်များ စတင်ထုတ်ပေး
Oct 04,2020
ပုလောမြို့နယ် ပြင်ပရောက် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်မဲပေးနိုင်ရေး အတွက် ကြိုတင်မဲ လက်မှတ်များကို အောက်တိုဘာလ ၃ ရက်နေ့မှစတင်၍ သက်ဆိုင်ရာ ဒေသသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ပုလောမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အင်းစိန်မြို့နယ်အတွင်းရှိ Quarantine Centerများတွင် အသုံးပြုနိုင် စေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လာရောက်လှူဒါန်း
Oct 04,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့ မှုမရှိ စေရန်နှင့် လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းက အင်းစိန်မြို့နယ် အတွင်းရှိ Quarantine Centerများတွင် အသုံးပြုနိုင်စေရန် ငွေကျပ်(၇)သိန်းကျော် တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်(GTI) ကန့်သတ်စောင့်ကြည့်စင်တာတွင် လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်ရှိ Quarantine Center များ အတွက် အအေးများနှင့် မုန့်များအား အလှူရှင်များက လာရောက်လှူဒါန်း
Oct 04,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ Quarantine Center များတွင် ရောက်ရှိ နေသော ပြည်သူများအား စားရေးသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ Quarantine Center များအတွက် အအေးများနှင့် မုန့်များအား ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အင်းစိန် (GTI) ကန့် သတ် စောင့်ကြည့်စင်တာတွင် အလှူရှင်များက လာရောက်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းခရိုင် မန်ကန်မြို့၌ ကိုဗစ်ကာလအတွင်း အဝတ်မက်(စ်)များ၊ Hand Speaker နှင့် အပူချိန်တိုင်းကိရိယာများ ထောက်ပံ့ပေးအပ်
Oct 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းခရိုင် မန်ကန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် ယမန်နေ့ နံနက်(၁၀:၀၀) နာရီအချိန်က ကိုဗစ်ကာလအတွင်း အထောက်အကူ ဖြစ်စေ ရန်အတွက် မန်ကန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အဝတ်မက် (စ်)များ ထောက်ပံ့ပေး အပ်ခြင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုး များအား အသိပညာပေး လုပ်ငန်း များတွင် အသုံးပြုနိုင်ရန် အတွက် Hand Speaker နှင့် အပူချိန်တိုင်းကိရိယာများ ထောက်ပံ့ ပေး အပ်ခြင်းများ ဆောက်ရွက် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုကို တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး
Oct 04,2020
မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးသို့ လှိုင်ဝတီကျော်ဆန် ပွဲရုံ မှဆန်အိတ်(၅၀)အိတ်နှင့် ဆီ ၅၀ကျပ်သား(၂၄၀)ဘူး လာရောက်လှူဒါန်း
Oct 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် အုပ်ချုပ် ရေးမှူးရုံးသို့ လှိုင်ဝတီကျော်ဆန်ပွဲရုံမှဆန်အိတ်များနှင့် ဆီ ၅၀ကျပ်သား ဘူးများကို ယနေ့ နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29061
Page
29062
Page
29063
Page
29064
Current page
29065
Page
29066
Page
29067
Page
29068
Page
29069
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department