အမြို့မြို့အနယ်နယ်သတင်းများ

Oct 04,2020
မကွေးတိုင်းဒေသကြီ၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ စတင်ကြေညာထားရှိမှုများကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတာဝန်ရှိသူများက အဖွဲ့(၅)ဖွဲ့ခွဲကာ ယမန်နေ့ နံနက်ပိုင်းကစပြီး ကွင်းဆင်းကြည့်ရှု စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီ အစဉ်အရ အသက်(၈၀) နှစ်ပြည့်ပြီး (၈၅)နှစ် မပြည့်သေးသည့် သက်ကြီးဘိုးဘွားများအား ယမန်နေ့က ထောက်ပံ့ ငွေပေးအပ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Oct 04,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ပထမဦးဆုံး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ ရှိလူနာ (၁၂)ဦးသည် ရောဂါသက်သာပျောက်ကင်းပြီးဖြစ်သဖြင့် ယနေ့ နံနက် ၈နာရီခွဲ အချိန်က မြို့ နယ် ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
Oct 04,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ အသက် ၈၀ နှစ် နှင့် ၈၅ နှစ် ဘိုးဘွားများ စားဝတ်နေရေး အဆင်ပြေစေရန် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 04,2020
ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ် ၊နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံတီမိုကရေစီ‌ အထွေအထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ် ကပ် ထား ကြေညာပေးလျက်ရှိရာ ယမန်နေ့ ညနေ(၄)နာရီအချိန်က အဆိုပါမဲစာရင်း‌ ကပ် ထားမှု အခြေအနေများကို တာ၀န်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ သည်။
Oct 04,2020
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေး အတွက် ဒုတိယအကြိမ်(နောက်ဆုံးအကြိမ်)မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကော်မရှင် အဖွဲ့ခွဲရုံး များ ထုတ်ပြန်ကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။
Oct 04,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် ယူအေအီးနိုင်ငံမှ လာရောက်သည့် MT.ANDES သင်္ဘောပေါ်မှ သင်္ဘောသား(၇)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် M.T BLISS သင်္ဘောပေါ်မှ သင်္ဘောသား(၄)ဦး၊ တရုတ်နိုင်ငံမှ လာရောက်သည့် MV.FORTUNE UNION သင်္ဘောပေါ်မှ သင်္ဘောသား(၃)ဦး စုစုပေါင်းသင်္ဘောသုံးစီးပေါ်မှ သင်္ဘောသား (၁၄)ဦး ယမန်နေ့ ညနေပိုင်းက Sign off ထွက်လာရာ     ကော့သောင်းမြို့ ဆိပ်ကမ်း၌ တာဝန်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၁၄)ရက် ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
Oct 04,2020
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ငဖဲမြို့နယ် ဆူးပဒေါင်းကျေးရွာအခြေခံပညာ အလယ်တန်း ကျောင်းခွဲတွင် ကျောင်းဆောင်သစ်အဆောက်အဦ ရာနှုန်းပြည့် ဆောက် လုပ်ပြီးစီးပြီဖြစ်၍ ငဖဲမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူ၊ အမှတ်(၂) တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်လွင်၊ ငဖဲမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးဇော်မိုး လွင် ၊မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီ နှင့် မြို့နယ်တည်ဆောက်ရေး ကော်မတီအဖွဲ့တို့မှ ယမန်နေ့က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။